နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရက်သတ္တပတ်နှစ်ပတ်အတွင်း အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ၁၀ သန်းနီးပါး ရှိလာ

ဧပြီ ၃၊ ဝါရှင်တန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်လာခြင်းကြောင့် စီးပွားရေးလောကအပေါ် ရိုက်ခတ်ခဲ့ရာ အမေရိကန်နိုင်ငံတွင် ရက်သတ္တနှစ်ပတ်ဆက်တိုက် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူအရေအတွက် စံချိန်တင်ခဲ့သည်။ မတ်လ ၂၈ ရက် အဆုံးသတ်သည့် ရက်သတ္တပတ်အတွင်း အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၆ ဒသမ ၆ သန်းကျော် ရှိခဲ့သည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာနက ပြောသည်။ လွန်ခဲ့သည့်ရက်သတ္တနှစ်ပတ်ကလည်း အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃ ဒသမ ၃ သန်းကျော်ရှိခဲ့သည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ၁၀ သန်းနီးပါးရှိနေသည်။ ကမ္ဘာ့စီးပွားပျက်ကပ် ကြုံတွေ့ခဲ့သည့် ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ၉ သန်းသာ ရှိခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့နိုင်ပြီး အလုပ်လက်မဲ့ဦးရေမှာ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းကျော် ရှိလာနိုင်သည်ဟု အမေရိကဘဏ်မှ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထား သည်။ ပုံမှန်အားဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ၃ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂၄၅၃၇၃ ဦးရှိနေပြီး သေဆုံးသူ ၆၀၉၅ ဦးအထိ မြင့်တက်လာခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် အသွားအလာ ကန့်သတ်မှု လုပ်နိုင်သည်ဟု အိမ်ဖြူတော်က ဆိုသည်။ လက်ရှိအချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် အသွားအလာ ပိတ်ဆို့ခံထား ရသည့် အမေရိကန်နိုင်ငံသား ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး စီးပွားရေးလုပ်ငန်းအများစု ပိတ်ထားရသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ