ရန်ကုန် ဇွန် ၁၄
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့(ပြည်သူ့ကျန်းမာရေး)သည် ဇွန်လ ၁၄ ရက်နေ့က အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်း၊ ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းရွှေဘဲစားသောက်ဆိုင်အား COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းစစ်ဆေးခြင်းလုပ်ငန်းတို့အားဆောင်ရွက်ခဲ့သည်။
မိုးမြင့်မောင်