နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်း၌ ကြာဖူးကြာပန်းဝယ်ယူရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မိုင်းယောင်း ဇွန် ၁၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှ ဒေသခံအချို့သည် ဒေသထွက် ကြာဖူးကြာပန်းများကို တစ်နိုင်တစ်ပိုင် ဝယ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေကြကြောင်း သိရသည်။


“ကြာဖူးကြာပန်းက တစ်နှစ်မှာ တစ်ခါပွင့်ဖူးတာပါ။ အခု ကျွန်မတို့ရောင်းတဲ့ ကြာဖူးကြာပန်းက မိုင်းယောင်းဒေသက ထွက်တဲ့ ကြာဖူးကြာပန်းဖြစ်ပါတယ်။ စပါးစိုက်ရာသီမှာ မိသားစုအပိုဝင်ငွေရရှိအောင် တစ်နိုင်တစ်ပိုင်ဝယ်ယူပြီး အခုလို မြို့တွင်းလှည့်လည်ရောင်းချနေတာပါ။ ကြာဖူး ငါးဖူးပါ တစ်စည်းလျှင် ၅၀၀ ကျပ်နဲ့ ကြာဖူးက ကြီးရင် လေးဖူး ၅၀၀ ကျပ် ရောင်းချပါတယ်။ တစ်ရက်ကို ကြာဖူးကြာပန်းရောင်းရတဲ့ အမြတ်ငွေက ကျပ်ငါးသောင်းခန့် ရရှိပါတယ်”ဟု တစ်နိုင်တစ်ပိုင် ကြာဖူးကြာပန်း ဝယ်ယူရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။


မိုင်းယောင်းတွင် ကြာဖူးကြာပန်းများကို ဘုရားပန်းကပ်ရန်၊ ကြာစေ့ကို ရာသီစာအဖြစ် စားသုံးရန် ဝယ်ယူသူ ပိုများလာပြီး အထူးသဖြင့် ကြာစေ့ကို လူငယ်များ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြသည့်အတွက် ကြာဖူးကြာပန်း အရောင်းအဝယ်လုပ်ငန်းမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ