နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းအာလူး‌‌ဈေးနှုန်း တရုတ်အာလူးထက် ဈေးမြင့်နေ

ရန်ကုန် ဇွန် ၁၄


ဇွန်လဒုတိယပတ်ရန်ကုန်အာလူး‌ဈေးကွက်တွင်ရှမ်းအာလူးဈေးနှုန်းသည်တရုတ်အာလူးထက်ဈေးမြင့်နေသည်ဟုအာလူးအဝယ်တော်များထံမှသိရသည်။


ဇွန် ၁၃ရက် ရန်ကုန်ဈေးကွက်တွင် တရုတ်အာလူး(အရိုင်း)လက်ကားတစ်ပိဿာ ၅၀၀ကျပ်နှုန်း‌ရွေးချယ် သန့်စင်ပြီး၅၃၀ကျပ်နှုန်းရှိချိန်ရှမ်းအာလူးများမှာ လက်ကား တစ်ပိဿာ၅၈၀-၆၃၀ကျပ်နှုန်းအသီးသီးဖြင့် ရောင်းချနေသည်ဟု ရေတမာလမ်း အာလူးပွဲရုံအချို့နှင့်အဝယ်တော်အချို့ထံမှသိရသည်။


တရုတ်အာလူးများသည်ယခုပတ်အတွင်း အစိုဓါတ်ရှိလာပြီး အရည်အသွေးလည်းညံ့လာရာတရုတ် အာလူးရောင်းချသည့်ပွဲရုံများတွင်အိတ်သွန်အပုပ်နှင့် အစိုဖယ်ရှားပြန်လည် အိတ်သွတ်နေရသည်ကိုမြင်ရ သည်။ အာလူး‌ဈေးမြင့်ချိန်ဝယ်ယူ၍ပြည်တွင်းသို့တင်ပို့လာရာ ရန်ကုန်‌ဈေးကွက်တွင်ပြန်လည်သန့်စင်ရွေး ချယ်နေရ၍အာလူး၁၀ဘီးကုန်ကားတစ်စီး (ပိဿာချိန်၁၀၀၀၀)ဝန်းကျင်လျှင်တရုတ်အာလူးရန်ကုန်သို့တင်ပို့သူအနေဖြင့် ကျပ်၁၀သိန်းဝန်းကျင်အရှုံးရှိသည်ဟုရေတမာလမ်းတရုတ်အာလူးရောင်းချသည့်ပွဲရုံမှသိရသည်။


တရုတ်အာလူးဈေးနိမ့်နေချိန် ရှမ်းအာလူး(နောင်တရားနှင့်ဟဲဟိုး)လက်ကားတစ်ပိဿာ၆၀၀ကျပ် ဝန်းကျင်ဖြင့် ရောင်းချနေသည်။ ဇွန်လ၁ရက်နေ့တွင်တရုတ်အာလူးတစ်ပိဿာ၆၇၅ကျပ်ရှိပြီးဇွန်လ၂ရက် တွင် ၇၀၀ ကျပ်အထိဈေးမြင့်ကာယင်းနေ့တွင်လိုသလောက်ဝယ်မရဘဲခွဲတမ်းအရသာဝယ်ခဲ့ရသည်ဟုအဝယ် တော်ကိုထွန်းကပြောသည်။ ဇွန်လ၈ရက်တွင်၇၅၀ကျပ်အထိ‌ဈေးမြင့်လာ‌သော်လည်း ယင်းနေ့အလွန်တရုတ် အာလူးများမှာ အရည်အသွေးညံ့အစိုဓါတ်ရှိလာ၍ဈေးကျအရှုံးရင်ဆိုင်လာရသည်ဟုသိရသည်။


၂၀၁၉ကာလတူဇွန်လ၁၃ရက်တွင်ရှမ်းအာလူးလက်ကားတစ်ပိဿာOKအရွယ်အစား၆၅၀ကျပ်အလုံးကြီးS1နှင့်S2အရွယ်အစားများ ၇၅၀ကျပ်နှုန်း၂၀၁၈ကာလတူ ဇွန် ၁၃ရက်တွင် OK လက်ကား တစ်ပိဿာ ၆၃၀ ကျပ်S 1၆၅၀ ကျပ် S2၆၇၀ကျပ်နှုန်းအသီးသီးရှိခဲ့သည်ဟုဈေးနှုန်းဟောင်းများအရသိရသည်။


ကိုဗစ်ကာလဖြစ်၍စာသင်ကျောင်းများမဖွင့်သေးသည့်အတွက်အာလူးကြော်လုပ်ငန်းသုံးအရွယ်အစား များဖြစ်သော အလုံးကြီးS2အရွယ်အစားမှာ၂၀၂၀မေနှင့်ဇွန်လများတွင်OK နှင့်S1ထက်‌ဈေးနှုန်းများစွာနည်းနေဆဲရှိသည်။ရှမ်းအာလူးS2လက်ကား တစ်ပိဿာလျှင် ဇွန် ၁၃ရက်တွင် ၄၈၀ကျပ်နှုန်းသာရှိသည် ။


တရုတ်အာလူးမှာအလုံးကြီး S2    မပါဘဲ OK နှင့် S1 အရွယ်အစားသာပါသည်ဟုသိရသည်။


မေနှင့်ဇွန်လပိုင်းများတွင်ရန်ကုန်‌ဈေးကွက်အတွင်းအာလူးဈေးနှုန်းသည် ကြက်သွန်ဖြူ၊ ကြက်သွန်နီ သကြား၊ ငရုတ်ကဲ့သို့ ဈေးနှုန်းအနိမ့်တွင်ရှိနေ၍ စားသုံးသူများဝင်ငွေနည်းနေသည့်ကိုဗစ်ကာလတွင်မီးဖိုဆောင်သုံးနေ့စဉ်အသုံးစရိတ်သက်သာလာသည်ဟုအိမ်ရှင်မအများစုကပြောသည်။


ပြည်တွင်းဈေးကွက်သို့ဆင်ဖြူကျွန်းအာလူးများနှစ်လယ်မတိုင်မီအထိထွက်ရှိတင်ပို့ ရောင်းချကာ ရှမ်းပြည်နယ်မှ‌ နောင်တရားသိမ်ကုန်းအစရှိသည့်‌ အောင်ပန်းဟဲဟိုးနယ်များမှတစ်နှစ်ပတ်လုံးနီးပါးရန်ကုန်သို့အာလူးတင်ပို့မှုရှိသည်။ လွိုင်ကော် တပ်ကုန်းဒေသများမှလည်း အာလူးထွက်ရှိမှုအနည်းငယ်စီရှိသည်။


ပြည်တွင်းဈေးနှုန်းမြင့်လာချိန် ဈေးကွက်သဘာဝအရပြည်ပမှ မျိုးတူသီးနှံများပြည်တွင်းဈေးကွက်သို့  ဝင်ရောက်မှုရှိနေတတ်သည့်အတွက် တရုတ်အာလူးများပြည်တွင်းဈေးကွက်သို့ဝင်ရောက်‌နေခြင်းဖြစ်သည်ဟု အဝယ်တော်တစ်ဦးကသုံးသပ်ပြောသည်။     

                                                                         

 မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ