နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်နိုင်ငံလုံခြုံရေးပိုင်းမြှင့်တင်ရန် ပြင်သစ်နှင့်အိန္ဒိယကာကွယ်ရေး ဝန်ကြီးတို့တွေ့ဆုံ

နယူးဒေလီ  နိုဝင်ဘာ   ၃၀

ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဆီဘတ်စ်တီယန်းလီကောန်နူးသည် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်ချ် နက်ဆင်းနှင့်နယူးဒေလီမြို့တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံကြား ကာကွယ်ရေး နှင့် လုံခြုံရေးပိုင်းဆိုင်ရာ ဆက်ဆံရေး မြှင့်တင်ရန်ဆွေးနွေးကြကြောင်း နိုဝင် ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန် သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီး၏ အိန္ဒိယခရီးစဉ်သည် နှစ်စဉ်ကျင်းပ နေကျဖြစ်သည့် လေးကြိမ်မြောက် အိန္ဒိယ-ပြင်သစ်ကာကွယ်ရေးတွေ့ဆုံဆွေးနွေးပွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးက ပြောသည်။

အိန္ဒိယသည် ပြင်သစ်ထုတ် ရာဖေးလ်တိုက်လေယာဉ် ၃၆ စီး ကို ၂၀၁၆ ခုနှစ်ကတည်းက ဝယ်ယူ ထားသည့်အပြင် အဆိုပါ နှစ်နိုင်ငံ သည် အင်ဒိုပစိဖိတ်ဒေသ အတွင်းရေကြောင်းသွားလာမှုလုံခြုံရေးတွင် လည်းပူးတွဲလုပ်ဆောင်နေကြသည့်နိုင်ငံများဖြစ်သည်။

(Ref:AFP)






အခြားဆက်စပ်သတင်းများ