နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျောက်ကျောက်ရောဂါအား mpox ဟု WHO က အမည်ပြောင်းလဲသတ်မှတ်

ဂျီနီဗာ  နိုဝင်ဘာ   ၃၀

ကမ္ဘာတစ်ဝန်းခေါ်ဆိုနေသော မျောက်ကျောက်(monkeypox) ဟူ သော အမည်သည် လူမျိုးရေးခွဲခြားခြင်း နှင့်အရှက်ရစေသောအချက်များကို ဖြစ် စေသည်ဟုဝေဖန်မှုများရရှိပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က monkeypox အစား mpox ဟုသာ ပြောင်းလဲခေါ်ဆိုရန်သတ်မှတ်လိုက်ကြောင်း သိရသည်။

ယင်းသို့အမည်ပြောင်းလဲခြင်းကိုကျန်အဖွဲ့အစည်းများအနေဖြင့်လည်းသတိထားအသုံးပြုရန်ညွှန်ကြားထား ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ယခု နှစ်အစောပိုင်းတွင် ရောဂါအမည်သစ် ရှာဖွေရန် ညှိနှိုင်းမှုလုပ်ငန်းစဉ်တစ်ရပ် ကို စတင်ခဲ့ရာ အဆိုတင်သွင်းမှုပေါင်း ၂၀၀ ကျော်ကို လက်ခံရရှိခဲ့ပြီး အမေရိ ကန်ကလည်း ယခုကဲ့သို့အမည်ပြောင်း လဲခြင်းအား လက်ခံကြိုဆိုကြောင်း သိရသည်။

ယင်းနောက် “mpox” နှင့် “Mpox” ကို ရွေးချယ်ကြပြီးမျောက်နှင့်သက်ဆိုင် သော လက္ခဏာများကို ဖယ်ရှားလိုက် ခြင်းဖြင့် ယခုရောဂါအပေါ်လူများ၏ အလေးထားမှုပိုလာနိုင်သည်ဟု ယူဆ ကာ “mpox” ဟု ခေါ်ဆိုကြခြင်းဖြစ် ကြောင်း သိရသည်။

ယခုဗိုင်းရပ်စ်အား ၁၉၅၈ ခုနှစ် ကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ရောဂါ လက္ခဏာပထမဆုံးမြင်ရသည့် တိရစ္ဆာန် ၏ အမည်ကိုအစွဲပြုလျက်မျောက် ကျောက်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်ကာ ယခု နှစ်ပိုင်းတွင် အာဖရိကအနောက်နှင့် အလယ်ပိုင်းရှိနိုင်ငံများတွင် ပျံ့နှံ့လာ ခြင်းဖြစ်ကြောင်း သိရသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ