နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကြီးဆုံး ဟာဝိုင်အီမီးတောင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်ပေါက်ကွဲ

ဝါရှင်တန်  နိုဝင်ဘာ   ၃၀

ကမ္ဘာ့အကြီးဆုံးမီးတောင်များ အနက်တစ်ခုအပါအဝင်ဖြစ်သည့် ဟာဝိုင်အီကျွန်းရှိ မာနာလိုရာမီးတောင် သည် ၁၉၈၄ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ပေါက်ကွဲမှုဖြစ်ပွားနေကြောင်းသိရသည်။

ချော်ရည်ပူများသည် မီးတောင်ထိပ် တွင် ရှိနေခြင်းကြောင့်လူနေအိမ်များ အတွက်အန္တရာယ်မရှိသေးသော်လည်း မီးခိုးပြာများနှင့်ဓာတ်ငွေ့များမှုတ်ထုတ် နိုင်သည့်အန္တရာယ်ဖြစ်လာနိုင်ကြောင်းအာဏာပိုင်များက သတိပေးပြောကြား ထားသည်။

လက်ရှိအချိန်အထိလူများကိုဘေးလွတ်ရာ ရွှေ့ပြောင်းရန်အမိန့်ထုတ်ပြန် ထားခြင်းမရှိသေးသကဲ့သို့ လူနေထူထပ် သည့်နေရာများကိုလည်း ယခုအနေ အထားအရ ထိခိုက်မှုမရှိနိုင်သေး ကြောင်း တာဝန်ရှိသူများက ဆိုသည်။

မာနာလိုရာမီးတောင်သည်ဟာဝိုင် အီကျွန်းတွင်တည်ရှိသည့် မီးတောင်ငါးခု အနက်အကြီးဆုံးမီးတောင် တစ်ခုဖြစ် ပြီး ၁၉၈၄ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ်ပေါက်ကွဲခဲ့ပြီးနောက်ကျွန်း၏လူနေအထူထပ်ဆုံးမြို့တစ်ခုဖြစ်သည့်ဟိုလိုမြို့အနီးအထိချော်ရည်များစီးဆင်းခဲ့ကြောင်း သိရသည်။               (Ref:BBC)






အခြားဆက်စပ်သတင်းများ