နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အသက်အကြီးဆုံးကြောင် ဗြိတိန်ရှိ ကြောင်လေး ဂင်းနစ်မှတ်တမ်းဝင်

လန်ဒန်   နိုဝင်ဘာ   ၃၀

ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ Flossie အမည်ရှိ ကြောင်မလေးကို အသက်ရှင် နေဆဲ ကမ္ဘာ့အသက်အကြီးဆုံး ကြောင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့ကြီးကအသိအမှတ်ပြု မှတ်တမ်းတင်လိုက်ပြီဖြစ်သည်။

Flossie သည်အသက် ၂၆ နှစ် နှင့် ၃၁၆ ရက်ရှိပြီဖြစ်ကြောင်း ဗြိတိန် နိုင်ငံအော်ပင်တန်(Orpington)မြို့ရှိ တာဝန်ရှိသူများက အတည်ပြုပေး ထားပြီး ၎င်းသည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကဗြိတိန် နိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ် သည်။

အဆိုပါ ကြောင်မလေးသည် လက်ရှိတွင် နားကြားနိုင်စွမ်းချို့ယွင်း နေပြီး မျက်စိမှုန်နေသော်လည်းဗြိတိန် နိုင်ငံ Kent မြို့တွင် ၎င်းကိုမွေးစားထား သည့် ဗစ်တိုရီးယားအမည်ရှိ အမျိုး သမီးနှင့်အတူကျန်းမာစွာနေထိုင်ဆဲ ဖြစ်ကြောင်း သိရသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ