နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်လာသန်း ၃၀၀ ကျော်တန် ဒုံးကျည်များ ဖင်လန်ကို ရောင်းချရန် အမေရိကန်အတည်ပြု

ဝါရှင်တန်  နိုဝင်ဘာ   ၃၀

ဒေါ်လာ ၃၂၃ သန်းတန်ကြေးရှိ AIM 9X Block II နည်းဗျူဟာမြောက်ဒုံး ကျည်များနှင့် AGM-154 Joint Stand Off Weapons များကို ဖင်လန်နိုင်ငံသို့ ရောင်းချရန် အတည်ပြုလိုက်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန က နိုဝင်ဘာ ၂၉ ရက်တွင် ကြေညာ သည်။

ယင်းသို့ ရောင်းချမှုသည်ဖင်လန် နိုင်ငံ၏ ဝေဟင်ပစ်စနစ်များနှင့်မြေပြင် ပစ်လက်နက်များ၏ စွမ်းရည်ကိုမြှင့်တင် ပေးမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများနှင့် အမေရိကန်တို့၏ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

AIM 9X Block II ၄၈ စင်းနှင့်  AGM-154 အစင်း ၄၀ တို့ကိုရောင်းချမည့်ကြေညာချက်သည်ဖင်လန်နှင့် ဆွီဒင်တို့ကို နေတိုးအဖွဲ့ဝင်အဖြစ်ရယူရန် တွန်းအား ပေးခဲ့သည့်ရုရှား-ယူကရိန်းစစ်ပွဲ ကိုး လကျော်ကာလတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကရောင်းချမှုကိုအတည်ပြုထား ပြီးကာကွယ်ရေး၊ လုံခြုံရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီက အမေရိကန် ကွန်ဂရက်သို့ လိုအပ်သည့်အကြောင်း ကြားစာကို တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ရောင်းချမှုသည်မိတ်ဖက်တစ်ဦး၏လုံခြုံရေးကိုမြှင့်တင်ပေးခြင်း ဖြင့်အမေရိကန်ပြည်ထောင်စု၏ နိုင်ငံ ခြားရေးမူဝါဒနှင့်အမျိုးသားလုံခြုံရေးကိုအထောက်အကူဖြစ်စေနိုင်ကြောင်းပင်တဂွန်ကပြောကြားထားသည်။

(Ref:AP)






အခြားဆက်စပ်သတင်းများ