နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်၍ မလေးရှားမျိုးနွယ်စုတစ်စု တောထဲသို့ ထွက်ပြေး

ဧပြီ ၃၊ ကွာလာလမ်ပူ မလေးရှားနိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်တစ်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်ခြင်းကြောင့် ယင်းတို့၏ ရွာဝင်လမ်းကို သစ်လုံးများဖြင့် ပိတ်ဆို့ထားပြီး အနီးပတ်ဝန်းကျင်ရှိ တောထဲသို့ ထွက်ပြေးခဲ့ကြသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ဂျီမာရီရွာတွင် နေထိုင်သည့် အိုရမ်အာစလီမျိုးနွယ်ဝင်တစ်ဦး COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အိုရမ်အာစလီမျိုးနွယ်ဝင်တစ်ဝက်နီးပါး တောထဲသို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံ ဖာဟန်ပြည်နယ်ရှိ ဂျီမာရီရွာတွင် နေထိုင်သည့် အိုရမ်အာစလီ မျိုးနွယ်ဝင်များမှာ မလေးရှားနိုင်ငံတွင် အဆင်းရဲဆုံးဖြစ်ပြီး အများဆုံးအထိနာနိုင်သည့် မျိုးနွယ်ဖြစ်သည်။ မလေးရှားနိုင်ငံမှာ အရှေ့တောင်အာရှတွင် COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်သည်။ “ကျွန်တော်တို့ တောထဲပဲ ပြန်သွားတော့မယ်။ သီးခြားခွဲနေပြီး စားစရာရှာစားမယ်။ တောထဲမှာ စားစရာဘယ်လိုရှာရမလဲဆိုတာ ကျွန်တော်တို့ သိတယ်။ စိုက်ပျိုးစားသောက်လို့ရတဲ့ အပင်တွေရှိတယ်’’ဟု ဂျီမာရီရွာသားတစ်ဦးဖြစ်သူ ဘီဒူချီမိုင်က ပြောသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ကမ္ဘာလှည့်ခရီးသည်များကြား ရေပန်းစားသည့် ကာမီရွန်ကုန်းမြင့်ဒေသဘေးရှိ ရွာတစ်ရွာမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးတွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါကလေးငယ်အနေဖြင့် မည်ကဲ့သို့ ကူးစက်ခံရခြင်းဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။ ဂျီမာရီရွာနှင့် COVID-19 ကူးစက်ပျံ့နှံ့နေသည်ဟု သံသယရှိသည့် အခြားရွာတစ်ရွာကို ပိတ်ဆို့ထားသည်။ အိုရမ်အာစလီ မျိုးနွယ်များမှာ မလေးရှားကျွန်းဆွယ်တွင် အစောဆုံးနေထိုင်သူမျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး လက်ရှိအချိန်တွင် လူဦးရေ ၂၀၀၀၀၀ နီးပါးရှိသည်။ မလေးရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၅၀ ရှိသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ