နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွှတ်တော်အရပ်ရပ်မှ နုတ်ထွက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကြေညာ

အစ္စလာမ်မာဘတ်  နိုဝင်ဘာ  ၂၉

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီသည်ပြည်နယ်နှင့် နိုင်ငံအဆင့်လွှတ်တော်အရပ်ရပ်က နုတ်ထွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်က ကြေညာလိုက် သည်။

မစ္စတာခန်းသည် ဆန္ဒထုတ်ဖော် မှုတစ်ခုအတွင်း သေနတ်နှင့် ပစ်ခတ် ခံရပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်လာပြီးယခုကဲ့သို့ကြေညာလိုက်ခြင်းဖြစ်ကာရွေးကောက်ပွဲစော၍ကျင်းပရန်တောင်းဆိုနေရာမှလာမည့်  ကိုးလအကြာတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပမည့် ရွေးကောက်ပွဲ၌ယင်း၏ပါတီလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောင်းလဲပြောဆိုလာသည်။

နာမည်ကျော်ခရစ်ကတ်ကစား သမားဟောင်းအဖြစ်မှ နိုင်ငံရေး လောကသို့ ဝင်ရောက်လာသည့်ခန်းကို ပြီးခဲ့သည့်ဧပြီလအတွင်းက ပါလီ မန်အတွင်းအယုံအကြည်မရှိ အဆို တင်သွင်းကာဖြုတ်ချခဲ့ခြင်းဖြစ်သည်။

မစ္စတာခန်းသည် ဝန်ကြီးချုပ် အဖြစ်က ဖြုတ်ချခံရပြီးနောက် အတိုက်အခံအဖြစ်ရပ်တည်ပြီး ရွေး ကောက်ပွဲ စောစီးစွာ ကျင်းပပေးရန် တောက်လျှောက်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။          

(ref:AFP)






အခြားဆက်စပ်သတင်းများ