နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
SpaceX သည် ရိက္ခာဖြည့်မစ်ရှင်အတွက် Falcon 9 ဒုံးပျံကိုလွှတ်တင်

နယူးယောက်  နိုဝင်ဘာ   ၂၉

SpaceX သည် နိုင်ငံတကာ အာကာသစခန်းကို ၂၆ ကြိမ်မြောက် ရိက္ခာဖြည့်တင်းမည့် မစ်ရှင်အတွက် Falcon 9  ဒုံးပျံကိုစေလွှတ်လိုက်ကြောင်း နိုဝင်ဘာ ၂၈ ရက်က ကြေညာသည်။

Falcon 9  ဒုံးပျံကိုဖလော်ရီဒါ ပြည်နယ်ကိပ်ကာနာဗရယ်က လွှတ် တင်ခြင်းဖြစ်ပြီး အဆိုပါ ဒုံးပျံသည် ရိက္ခာအလေးချိန်ပေါင် ၇၇၀၀၊ သိပ္ပံလက်တွေ့စမ်းသပ်မှုနှင့်အခြားသော သက်ဆိုင်ရာ ပစ္စည်းကိရိယာများကို တင်ဆောင်သွားသည့်အပြင် နိုင်ငံ တကာ အာကာသစခန်း၏ သုတေသနနှင့် စီမံချက်လုပ်ငန်းများအတွက် စွမ်းအင် ဖြည့်ပေးမည့် ဆိုလာပြားများကိုလည်း တင်ဆောင်သွားကြောင်း သိရသည်။

တင်ဆောင်သွားသည့် အထဲတွင် အာကာသအတွင်း ရေရှည်စားနပ်ရိက္ခာ အဖြစ် အထောက်အကူပြုနိုင်မည့် ခရမ်းချဉ်သီး မျိုးစေ့များလည်းပါဝင်ပြီး Falcon 9 ဒုံးပျံသည်အာကာသစခန်းတွင် တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။             

(ref:Yahoo)






အခြားဆက်စပ်သတင်းများ