နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းကို ဆက်လက်ထောက်ပံ့မည်ဟု ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်သစ်များကတိပြု

ဝါရှင်တန်  နိုဝင်ဘာ   ၁၉

အမေရိကန်တွင် လာမည့်ဇန်နဝါရီ လအတွင်း   လွှတ်တော်သစ်တွင် ဦးဆောင်နေရာယူကြမည့် ရီပတ်ဘလစ် ကန်ကိုယ်စားလှယ်အချို့သည် ယူက ရိန်းစစ်တပ်အတွက် ဆက်လက် ထောက်ပံ့သွားမည်ဟု ကတိပြုပြော ကြားလိုက်သည်။

ယင်းသို့ ထောက်ပံ့ရာတွင် ပိုမိုကြပ် မတ်စိစစ်သွားမည်ဖြစ်ပြီး ယူကရိန်းကိုအကူအညီပေးမည့်အစီအစဉ်များကိုလည်း ရီပတ်ဘလစ်ကန်အောက်လွှတ် တော်အမတ် နှစ်ဦးဖြစ်သည့် တက္ကဆက် ပြည်နယ်ရှိ Michael McCaulနှင့် Ohio ပြည်နယ်ရှိ Mike Turner တို့က ကြီးကြပ်တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အောက်လွှတ်တော်၏ ထောက်လှမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌသစ်ဖြစ်လာဖွယ်ရှိသည့် Turner ကလည်းယူကရိန်း၏လိုအပ်ချက်ကိုသေချာပေါက်ဖြည့်ဆည်းပေးမည်ဖြစ် ကြောင်း ကြေညာထားသည်။

လက်ရှိအခြေအနေတွင် ရုရှားတပ် ဖွဲ့များသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် နိုဝင်ဘာ ၂၆ ရက်က တညလုံးတိုက်ခိုက်နေခြင်း ကြောင့် စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံများပျက်စီးပြီး ယူက ရိန်းနိုင်ငံတွင် လျှပ်စစ်စွမ်းအားများ၊ သုံးရေများနှင့် အနွေးဓာတ်ပေးသည့် စနစ်များကို ပြန်လည်ရရှိရန်ကြိုးပမ်းနေရကြောင်း သိရသည်။         

(ref:AP)






အခြားဆက်စပ်သတင်းများ