နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီတောင်ပိုင်း မြေပြိုမှုကြောင့် မွေးကင်းစ ကလေးအပါအဝင်လူ ခုနစ်ဦး သေဆုံး

ရောမ   နိုဝင်ဘာ   ၂၉

အီတလီတောင်ပိုင်းအိစ့်စကီရာ ကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မြေပြိုမှုဖြစ်ပွားရာမွေးကင်းစ ကလေးတစ်ဦးနှင့်ကလေးနှစ်ဦး အပါ အဝင်အနည်းဆုံးလူ ခုနစ်ဦး သေဆုံး သွားကြောင်း ဒေသခံအရာရှိတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင်လူ ငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးရေငုပ်သမားများသည် ပင်လယ်ကမ်းခြေအနီးတွင် ရှာဖွေရေး များပြုလုပ်နေကြောင်း နေပယ်စီရင်စု အုပ်ချုပ်ရေးမှူးက လောင်ဒီယိုပါ လုံဘာက ဆိုသည်။

ထူးခြားသောမိုးရွာသွန်းမှုကြောင့်                      မြေပြိုမှုကြီးဖြစ်ပွားပြီးရွှံ့နှင့်အမှိုက် သရိုက်အစအနများသည်ကာဆာမီချိုလာတဲမယ်လ်ဆိပ်ကမ်းမြို့သို့ တစ်ရှိန် ထိုးဝင်ရောက်လာကာအဆောက်အအုံ များ လည်းပြိုကျသွားပြီး မော်တော်ကား အများအပြားပင်လယ်ထဲသို့ ရောက်ရှိ သွားကြောင်း သိရသည်။

အဆိုပါကျွန်း၌ ခြောက်နာရီအတွင်း မိုးရေချိန် ၁၂၆ မီလီမီတာ (ငါးလက် မနီးပါး) ရွာသွန်းခဲ့ပြီးနှစ်၂၀အတွင်းမိုးရေချိန်အများဆုံးရွာသွန်းမှုဖြစ်ကြောင်းတာဝန်ရှိသူများက ပြောသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ