နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဖလားပွဲတွင်အဓိကရုဏ်းဖြစ်ပွား

ဘရပ်ဆဲလ်   နိုဝင်ဘာ   ၂၉

ကမ္ဘာ့ဖလားမော်ရိုကို - ဘယ်လ် ဂျီယံပွဲစဉ်တွင် မော်ရိုကိုကဘယ်လ် ဂျီယံအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး နောက်ဘရပ်ဆဲလ်၌ အဓိကရုဏ်းဖြစ် ပွားသဖြင့် ဘရပ်ဆဲလ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရေအမြောက်အများ အသုံးပြုကာဖြိုခွင်းခဲ့ရကြောင်း သိရ သည်။

ဒါဇင်ချီသောပရိသတ်များသည် ဆိုင်ပြတင်းပေါက်များအား ရိုက်ခွဲကာ မီးရှူးမီးပန်းများ ဖောက်လျက်ဆိုင် များကိုမီးရှို့ခဲ့ကြသဖြင့် လူ ၁၁ ဦးကို ဖမ်းဆီးထားရပြီး ပွဲမပြီးခင်ကတည်း ကပင် အချို့သူများသည်လုံခြုံရေးယူ ထားသည့်ရဲတပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ရန် ကြိုးပမ်းမှုများရှိကြောင်း ဘရပ်ဆဲလ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ယင်းဖြစ်စဉ်ကြောင့် အဆိုပါ ဧရိယာ တစ်ဝိုက်အားလမ်းများပိတ်လိုက်ပြီး အများပြည်သူများရှောင်ရှား သွားလာကြရန် သတိပေးခဲ့ရကာအချို့ သည် သတင်းရယူနေသည့် သတင်း သမားများကိုပါ ရိုက်နှက်မှုများရှိ ကြောင်း သိရသည်။

ထို့ပြင် စတိုးဆိုင်များနှင့်ဘတ်စ်ကားများလည်းဖျက်ဆီးခံရပြီးမြောက် ဘက်ရှိ Antwerp တွင် လူတစ်ဒါဇင် အဖမ်းခံရသည့်အဖြစ်အပျက်များ လည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ဖြစ်ပွားနေချိန်တွင် အနိုင် ရရှိသွားသည့်မော်ရိုကိုအသင်း၏ ပရိသတ်များကမူ မီးရှူးမီးပန်းများ ဖောက်ကာမော်ရိုကိုအလံအား ဝှေ့ယမ်းလျက်အောင်ပွဲခံနေခဲ့ကြ ကြောင်း သိရသည်။                

(ref:AFP)






အခြားဆက်စပ်သတင်းများ