နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေ့စဉ်စားသုံးနေသောစားသုံးဆီများနှင့် ကျန်းမာရေး

ကျွန်တော်တို့နိုင်ငံတွင် စားသုံးဆီများကို အသုံးများကြပါသည်။ "ဆီပါလျှင် လွှစာတောင် ဟင်းဖြစ်သည်" ဟုတင်စား၍ခေါ်ဝေါ်ကြပါ သည်။ ဆီကိုဓလေ့ထုံးစံအရ စားသောက်ကုန် ပစ္စည်းတစ်ခုအနေဖြင့် "ဖိုးလမင်းရေ...ထမင်း ဆီဆမ်းရွှေလင်ပန်းနှင့်ပေးပါ" ဟူ၍ ဆိုကာ စားသုံးကြသည်။ ဆီရွှဲရွှဲဆမ်းပြီးသုပ်ထားသော လက်ဖက်၊ ချင်း၊ မြင်းခွာရွက်နှင့် မန်ကျည်းရွက် စသည့်အသုပ်များကိုလည်း မြိန်ယှက်စွာ စားကြပါသည်။

ဆီအလွန်များသော ဒံပေါက်၊ အုန်းထမင်းနှင့် ထောပတ်ထမင်းများ၊ ဝက်၊ ကြက်နှင့် အမဲသား ဆီပြန်ဟင်းများ၊ အရပ်ဒေသများမှထွက်သော ထိုးမုန့်၊ လမုန့်၊ ဟာလဝါ၊ မုန့်ကုလားမည်း၊ မုန့်ဆီ ကြော်၊ ရေမုန့်၊ မုန့်လင်မယားနှင့် အခြားဆီ ကြော်မုန့်များ၊ ဆီအလွန်များသည့် ဘာလချောင် ကြော်၊ တရုတ်စားသောက်ဆိုင်များတွင် ရောင်း ချနေသော ဝက်ဆီရွှဲရွှဲနှင့်ကြော်ထားသည့် ခေါက်ဆွဲကြော်၊ အစိမ်းကြော်၊ တောက်တောက် ကြော်နှင့် ကြာဆံကြော်များ၊ အီကွေးမုန့်၊ အန်ကူး မုန့်နှင့် ပဲမုန့်စသော တရုတ်မုန့်များ ဆီတွင်စိမ် ထားသော သရက်သီးစိမ် သို့မဟုတ် သရက်သီး သနပ်နှင့် လက်ဖက်များ၊ ပြည့်ဝဆီများဖြင့် တရှဲ ရှဲကြော်ထားသော ပလာတာ၊ စမူဆာနှင့်အီကြာ ကွေးများကို လွန်ကဲစွာ ခုံမင်နှစ်သက်ပြီး စားသုံး ကြပါသည်။ နေ့စဉ်စားသုံးနေသော စားသုံးဆီ များကို ဆီနှင့် အဆီဟူ၍ ခွဲခြားထားပါသည်။ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ ဝါစေ့ ဆီ၊ ဖွဲနုဆီ၊ ပြောင်းဖူးဆီနှင့် ဆိုယာပဲဆီခေါ် ပဲပုပ်ဆီ စသည်တို့သည် ဆီအမျိုးအစားတွင် ပါဝင်ပါသည်။ ဝက်ဆီ၊ ထောပတ်နှင့် ငါးကြီးဆီ တို့လည်းသည် အဆီအမျိုးအစားဖြစ်ပါသည်။

မြေပဲဆီ၊ နှမ်းဆီ၊ ပြောင်းဖူးစေ့ဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ မုန်ညင်းဆီ၊ အုန်းဆီနှင့် စားအုန်း အဆန်ဆီတို့သည် အစေ့မှရသော ဆီများဖြစ်ပါ သည်။ သံလွင်ဆီ၊ စားအုန်းဆီတို့သည် အသီးမှ ရသောအဆီများ ဖြစ်ပါသည်။

မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ ဖွဲနုဆီ၊ နေကြာဆီ၊ ဝါစေ့ဆီ၊ ပြောင်းဖူးစေ့ဆီနှင့် ပဲပုပ်ဆီ များတွင် မပြည့်ဝသော အဆီပါဝင်မှုများပါသည်။ အုန်းဆီ၊ ဝက်ဆီ၊ ထောပတ်နှင့် ငါးကြီးဆီတို့ တွင် ပြည့်ဝအဆီဓာတ်များစွာ ပါဝင်ပါသည်။ ပြည့်ဝဆီပါဝင်မှုအလွန်များပါက ကျန်းမာရေး ထိခိုက်ပြီး အသက်အန္တရာယ် ရှိနိုင်ပါသည်။

ကိုလက်စထရောအဆီဓာတ်အများဆုံး ပါဝင် သော အစားအသောက်များမှာ တိရစ္ဆာန်ဆီ၊ ထောပတ်၊ ခရင်မ်၊ အသည်း၊ ကျောက်ကပ်၊ ဦးနှောက်၊ ကြက်ဥနှင့် ဥမျိုးစုံတို့၏ အနှစ်အဝါများ ဖြစ်ပါသည်။ ကိုလက်စထရောအဆီဓာတ် ပါဝင်မှု နည်းသောဆီများမှာ နေကြာဆီ၊ ဝါစေ့ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီနှင့် ဖွဲနုဆီတို့ ဖြစ်ပါသည်။ သာမန်လူတစ်ဦးတွင် သွေးထဲ၌ ကိုလက်စထရော ပါဝင်မှုနှုန်းသည် ၂၀၀ မှ ၄၀၀ မီလီဂရမ်ခန့်သာ ဖြစ်ပါသည်။ ယင်းထက်များပါက ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။

ဆီများကို အစားအစာချက်ပြုတ်ခြင်း၊ ကြော် ခြင်း၊ ပေါင်းခြင်းနှင့် သုပ်ခြင်းများတွင် အသုံးပြု ကြပါသည်။ ဆီများကို လွန်ကဲစွာစားသုံးပါက နာတာရှည်ရောဂါဆိုးကြီးများ၏ ဖိနှိပ်ဒုက္ခပေး ခြင်း ခံရနိင်ပါသည်။ အဆီဓာတ်လွန်ကဲပါက အသည်းထဲတွင် ကိုလက်စထရောဓာတ်နှင့် ထရိုင် ဂလစ်စရိုက်အဆီဓာတ်များ၍ သွေးတိုးရောဂါဖြစ် ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်း၊ နှလုံးအဆီပိတ်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်ပြီး သေဆုံးနိုင်ပါသည်။ အဆီဓာတ်များပါက အဝလွန်ကဲတတ်ပါသည်။ သွေးထဲတွင်အဆီ ဓာတ်လွန်ကဲသောရောဂါ သို့မဟုတ် လိုင်ပို မီးယား ဖြစ်တတ်ပါသည်။

အဆီစားလွန်ပါက အဝလွန်ပြီး သွေးကြော မာခြင်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ရင်ဘတ် အောင့်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်လေဖြတ်ရောဂါ၊ အဆုတ် သွေးကြောပိတ်ရောဂါနှင့် သွေးတိုးရောဂါများ ဖြစ်နိုင်ပါသည်။

ခွင့်မပြုဆိုးဆေးများကြောင့် ရေရှည်တွင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များ၊ မျိုးရိုးဗီဇဆိုင်ရာရောဂါများ၊ ကင်ဆာရောဂါ များ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများ နှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ခွင့်မပြုဆိုး ဆေးများပါဝင်သည့် အစားအသောက်များကို ဝယ်ယူစားသုံးခြင်းမပြုရန် သတိပေးအပ်ပါ သည်။ ထို့အပြင် နေ့စဉ်အသက် ရှင်ရပ်တည်နိုင် ရေးနှင့် ကျန်းမာရေးအတွက် ပြည့်ဝဆီပါဝင်မှု အလွန်များသော စားသုံးဆီများကို ရှောင်ကြဉ် ရပါမည်။ ဆီစားသုံးမှုနည်းခြင်းသည် ကျန်းမာ ရေးအတွက် များစွာအထောက်အကူပြုသော ကြောင့် ဆီကို လွန်ကဲစွာစားသုံးခြင်း ရှောင်ရှား ရပါမည်။      ။

ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)






အခြားဆက်စပ်သတင်းများ