နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဇီဝဓာတ်ခွဲခန်းများလုံခြုံရေးစည်းမျဉ်းများချိုးဖောက်ဟုရုရှားပြော

ဝါရှင်တန်၊  နိုဝင်ဘာ၂၈

အမေရိကန်ရှိ အထူးဇီဝဓာတ်ခွဲ ခန်းများတွင် လုံခြုံရေးစည်းမျဉ်များ ချိုးဖောက်ခဲ့ခြင်းနှင့် ပတ်သက်သည့် မှတ်တမ်းများကို ရရှိထားကြောင်း ရုရှား နျူကလီယား၊ ဇီဝဗေဒနှင့် ဓာတုဗေဒ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Igor Kirillov က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ဝါရှင်တန်၊ မင်နီဆိုတာနှင့်အီလီနွိုက်စ် ပြည်နယ်များရှိ တက္ကသိုလ်များတွင် အထူးဇီဝဓာတ်ခွဲခန်းများဖြစ်သည့် BSL-3 နှင့် BSL-4 တို့တွင်ပြုလုပ်ခဲ့ သည့် သုတေသနများသည် ဓာတ်ခွဲခန်း အတွင်းပိုင်းတွင် ကူးစက်မှုများဖြစ်ပေါ် စေခဲ့ခြင်းဖြစ်သည်ဟု ယင်းကဆိုသည်။

ထို့ပြင် မျိုးဗီဇပြုပြင်ထားသည့် ဗိုင်းရပ်စ်အဖျားရောဂါများ၊ ရောဂါဖြစ် ပွားမှုမြင့်မားစေသည့် ကြက်ငှက်တုပ် ကွေးနှင့် အခြားရောဂါပိုးများကဲ့သို့ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင် ရာ ရောဂါလက္ခဏာစုများ ပျံ့နှံ့မှုအန္တရာယ် ကိုလည်း တိုးမြင့်စေကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး Kirillov က ပြောသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ