နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လော့ခ်ဒေါင်းချထားသည့် တရုတ်ရှင်ကျန်းဒေသရှိ လူနေတိုက်ခန်းမီးလောင်၊ လူ ၁၀ ဦး သေဆုံး

ပေကျင်း၊   နိုဝင်ဘာ၂၈

ကိုဗစ်ပြဿနာများကြောင့် လော့ခ် ဒေါင်းချထားသော တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ ရှိ လူနေတိုက်ခန်းအဆောက်အအုံ တစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၁၀ ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၂၇ ရက် တွင် အတည်ပြု ပြောကြားသည်။

ရှင်ကျန်းဒေသအုရုချီမြို့ရှိ လူနေ တိုက်ခန်း အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး မီး လောင်မှုအတွင်း သေဆုံးသွားသူများ နှင့် အဆိုပါတိုက်ခန်းများတွင် နေထိုင် သူများသည် တင်းကျပ်သည့် ကိုဗစ် စည်းကမ်းများကြောင့် အဆောက် အအုံအတွင်း သုံးလကျော် ပိတ်မိနေ သူများဖြစ်ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ အဆောက်အအုံ၏ ၁၅ လွှာရှိ အိပ်ခန်း တစ်ခုတွင် ဓာတ်အားကြိုးမီးလောင်မှု  စတင်ဖြစ်ပွားကာ ၁၇ လွှာအထိ မီးကူးစက်လာသဖြင့် မီးငြိမ်းသတ်ရန် အချိန်သုံးနာရီနီးပါး ကြာမြင့်ခဲ့ ကြောင်း သိရသည်။

မီးခိုးငွေ့ရှုရှိုက်မိသူများနှင့် ဒဏ် ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင် ပေးထားရပြီး ဆေးရုံတင်ထားရသူ အားလုံး အသက်ရှင်နိုင်မည်ဟု မျှော် လင့်ကြောင်း ဒေသအာဏာပိုင်များက ဆိုသည်။

အခင်းဖြစ်ပွားရာသို့ မီးသတ်ကား များ အချိန်မီမရောက်ရှိခြင်းသည် တင်းကျပ်သည့် ကိုဗစ်စည်းကမ်းများ ကြောင့်ဖြစ်ကြောင်း လူမှုကွန်ရက် အသုံးပြုသူများက ရေးသားထားကြ ပြီး ရှင်ကျန်းဒေသရှိပြည်သူများသည် တင်းကျပ်သည့် ကိုဗစ်မှုဝါဒကို စိတ် ပျက်နေကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ