နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရင်သားကင်ဆာဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်မည့် စမတ်ဘရာစီယာ တီထွင်

အဘူဂျာ၊  နိုဝင်ဘာ ၂၈

နိုင်ဂျီးရီးယားနိုင်ငံတွင် ရင်သား ကင်ဆာဖြင့် သေဆုံးသူအရေအတွက်  တိုးလာခြင်းကြောင့် နိုင်ဂျီးရီးယား ရိုဘော့နည်းပညာ အမျိုးသမီးအင်ဂျင်နီ ယာတစ်ဦးသည် ရင်သားကင်ဆာဖြစ် ပွားခြင်းကို ကြိုတင်သိရှိကာ အသက် ကယ်နိုင်မည့်  ဘရာစီယာကို တီထွင် လိုက်ကြောင်း သိရသည်။

ရိုဘော့နည်းပညာ အင်ဂျင်နီယာ Kemisola Bolarinwa ၏ အဒေါ် ဖြစ်သူသည် ရင်သားကင်ဆာအဆင့် ၃ နှင့် ၂၀၁၇ တွင် သေဆုံးသွားခြင်း ကြောင့်  အခြားအမျိုးသမီးများကိုကူညီ ရန် သူမကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါရောဂါနှင့် ပတ်သက်ပြီး အကူအညီပေးရန် စမတ်ဘရာစီယာ ကို တီထွင်လိုက်ပြီး ယင်းစက်ဖြင့် ရင်သားနှင့် ရင်ဘတ်တဝိုက်ရှိ အချက် အလက်များကို ကောက်ယူကာ ရရှိ သည့်အဖြေကို နာရီဝက်အတွင်း မိုဘိုင်း application တွင် ပြသနိုင်မည် ဖြစ်ကြောင်း သိရသည်။

သူမ၏ ပထမဆုံးစမတ်ဘရာစီယာ အမျိုးအစားပုံစံကိုမူ လာမည့် ၂၀၂၃  ဧပြီလတွင် ထုတ်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

စမတ်ဘရာစီယာနှင့်ပတ်သက်၍  ယခုနှစ် ဖေဖော်ဝါရီလတွင် ရှေ့ပြေးပုံစံ တစ်ခုထုတ်ထားပြီး ယင်းစက်အတွက်  ထိရောက်မှုပိုရှိလာစေရန် ကွန်ပျူတာ chip နှင့် ပတ်သက်ပြီးမည်သို့လုပ်နိုင် မည်ဆိုသည်ကို ကမ္ဘာတလွှားက ဆေး ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏အကြံ ပြုချက်များအတိုင်း ရှေ့ပြေးပုံစံကို ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးရီးယားတွင် တစ်နှစ်လျှင် ကင်ဆာနှင့် သေဆုံးသူသည် ၇၂၀၀၀ ခန့်ရှိပြီး ရင်သားကင်ဆာနှင့် သေဆုံးရ သူသည် အများဆုံးဖြစ်ကာ ယင်းသို့ ဖြစ်ပွားခြင်းသည် ရောဂါရှိ၊ မရှိ အချိန်မီ စမ်းသပ်မှုမရခြင်းကြောင့် ဖြစ်ကြောင်း ဆေးဘက်ကျွမ်းကျင်သူများက ပြော သည်။

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ