နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်သမ္မတ DPP ပါတီခေါင်းဆောင်ရာထူးမှ နုတ်ထွက်

တိုင်ပေ၊   နိုဝင်ဘာ ၂၈

ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်သည် လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုး တက်ရေးပါတီ DPP ၏ အကြီးအကဲ ဥက္ကဋ္ဌအဖြစ်မှ ရာထူးနုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်က ထိုင်ဝမ်ကိုစစ်ဆင်နွှဲ မည့်သဏ္ဌာန်ကို အာခံသည့်အနေဖြင့်  DPP ပါတီကို လူထုထောက်ခံမှုပိုမိုရ ရန်ကြိုးစားနေသည့် ဗျူဟာမအောင် မြင်ခြင်းကြောင့် ယခုကဲ့သို့ ပါတီခေါင်း ဆောင်ရာထူးက နုတ်ထွက်ခြင်းဖြစ် ကြောင်း သတင်းဌာနအချို့က သုံးသပ် ရေးသားသည်။

DPP ပါတီ၏ အကြီးတန်းအဖွဲ့ဝင် ဖြစ်သူ ဝန်ကြီးချုပ်စူးဆန်းချန်းကမူ ဥက္ကဋ္ဌရာထူးက နုတ်ထွက်မည့် ကမ်း လှမ်းချက်ကို ပယ်ချထားပြီး မစ္စချိုင်၏ မူဝါဒများကို မှန်ကန်စွာအကောင် အထည်ဖော်မည်ဖြစ်ရာ ရာထူးတွင် ဆက်လက်ရှိနေပေးရန် တောင်းဆို ထားကြောင်း သိရသည်။

လက်ရှိတွင် DPP ပါတီ၏ အဓိက အတိုက်အခံပါတီဖြစ်သည့် KMT သည် မြို့တော်တိုင်ပေအပါအဝင် မြို့တော်ဝန် ၂၁ နေရာနှင့် ခရိုင်အကြီးအကဲနေရာ ၁၃ နေရာအတွက် ဦးဆောင် အနိုင် ရထားကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ