နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီ ရေကြီးရေလျှံမှုကြောင့် ကျောင်းများပိတ်ထား

ရီယာ့ဒ်၊ နိုဝင်ဘာ ၂၆

ဆော်ဒီအာရေဗျနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် လေကြောင်း ခရီးစဉ်များ နှောင့်နှေးကာ ကျောင်းများ နှင့် တက္ကသိုလ်များကို ပိတ်ထားရကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် အာဏာပိုင်များက ပြောသည်။ 

လမ်းမများတွင်လည်း ရေကြီးရေလျှံ မှုများ ဖြစ်နေခြင်းကြောင့်မက္ကာသို့သွား သည့်လမ်းကိုလည်း ပိတ်ထားရကာ ဆော်ဒီလူမှုမီဒီယာများတွင် ထုတ်ပြန်ထား သည့် ဓာတ်ပုံနှင့်ဗီဒီယိုများအရ လမ်းမများတွင် ရေပြည့်လျှံနေပြီး ကားများလည်း နစ်မြုပ် နေကြောင်း တွေ့မြင်ရသည်။ 

King Abdulaziz အပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်းကမူ  ရာသီဥတု အခြေအနေများကြောင့် လေယာဉ်ထွက်ချိန် အနည်းငယ်နှောင့်နှေးခဲ့ပြီး ခရီးသည်များကိုလည်း လေဆိပ်သို့မလာမီ ယင်းတို့၏ ခရီးစဉ်ကို ပြန်လည်ချိန် ဆရန် တိုက်တွန်းခဲ့ရကြောင်း သိရသည်။

 (ref:Reuters)






အခြားဆက်စပ်သတင်းများ