နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘောဒီးယားငရုတ်ကောင်းနှင့် ရေထွက်ပစ္စည်းများကို တရုတ်သို့ တင်ပို့မည်

ဖနွမ်းပင်၊ နိုဝင်ဘာ ၂၆

ကမ္ဘောဒီးယားနိုင်ငံသည်၎င်း၏ ငရုတ်ကောင်းနှင့် သဘာဝရေထွက်ကုန် များကို တရုတ်ဈေးကွက်သို့တိုက်ရိုက် တင်ပို့မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးက နိုဝင်ဘာ ၂၅ ရက်တွင်ထုတ် ပြန် သည်။ 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကောက်ခွန်ဌာနမှ ကမ္ဘောဒီးယား ထုတ်ကုန်နှစ်ခုအတွက် ဓာတုဆေးဆိုင် ရာလိုအပ်ချက်များနှင့် ပတ်သက်၍သီး ခြားကြေငြာချက်များ ထုတ်ပြန်ပြီး နောက်တိုက်ရိုက်တင်ပို့မှုကို စတင်နိုင် မည်ဖြစ်ကာ ပို့ကုန်လုပ်ထုံးလုပ်နည်း များအားလုံးကို မကြာမီအပြီးသတ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်ပထမနှစ်ဝက်အထိ  အမေရိ ကန်ဒေါ်လာ ၁၉၄၂ သန်းတန်ဖိုးရှိ သည့် စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၂ ဒသမ ၄ သန်းကျော်ကို တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ခဲ့သည်။ 

ကမ္ဘောဒီးယားသည် တရုတ် နိုင်ငံသို့ ငှက်ပျော၊ဆန်၊ပီလောပီနံခြောက်၊ ပီလောပီနံမှုန့်၊ရော်ဘာစေး၊သရက်သီး၊ သရက်ယို၊ သီဟိုဠ်စေ့နှင့် ကိုကိုးမှုန့် စသည့်လယ်ယာထွက်ကုန်ပစ္စည်းများကို အဓိက တင်ပို့လျက်ရှိသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ