နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါနာတွင် လောင်စာဆီကို ရွှေဖြင့် ဝယ်ယူရန် မူဝါဒသစ်ရေးဆွဲ

အက်ခရာ၊ နိုဝင်ဘာ ၂၆

ဂါနာအစိုးရသည် ရေနံထွက်ကုန် များကို အမေရိကန် ဒေါ်လာဖြင့် မဟုတ်ဘဲ ရွှေဖြင့် ဝယ်ယူနိုင်ရန်အတွက် မူဝါဒအသစ် ရေးဆွဲနေကြောင်းဒုတိယ သမ္မတ မဟာမူဒူဘာဝူမီယာက နိုဝင် ဘာလ ၂၅ ရက်တွင် ယင်း၏လူမှု ကွန်ရက်မှတစ်ဆင့် ပြောကြားလိုက် သည်။ 

အဆိုပါ လှုပ်ရှားမှုသည် ရေနံ လုပ်ငန်းရှင်များ၏ ဒေါ်လာဝယ်လိုအား နှင့် နိုင်ငံခြားအရန် ဘဏ္ဍာငွေများ လျော့နည်းခြင်းကြောင့် ဖြစ်ပေါ်လာ သော ပြည်တွင်းသုံး ငွေကြေးတန်ဖိုး ကျဆင်းခြင်းနှင့် လူသုံးကုန်စရိတ်များ တိုးမြင့်လာခြင်းတို့ကို ကိုင်တွယ် ဖြေ ရှင်းရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ် သည်ဟု ဆိုသည်။ 

မူဝါဒသစ်ကို ၂၀၂၃ ခုနှစ် ပထမ သုံးလပတ်အတွင်းအကောင်အထည် ဖော်မည်ဖြစ်ပြီး ရွှေကိုအသုံးပြုလိုက် ခြင်းဖြင့် ပြည်တွင်းလုပ်ငန်းရှင် များ သည် ရေနံထွက်ကုန်များတင်သွင်းရန် အတွက် နိုင်ငံခြားငွေများ လဲလှယ်ရန် လိုအပ်တော့မည် မဟုတ်ကြောင်းသိရ သည်။ 

ထို့ကြောင့် ငွေလဲနှုန်းပြောင်း လဲခြင်းသည်လည်း လောင်စာဆီ သို့မဟုတ် ဝန်ဆောင်လုပ်ငန်းများ အတွက် ကုန်ကျသည့် အသုံးစရိတ် အပေါ် တိုက်ရိုက် အကျိုးသက်ရောက် တော့မည်မဟုတ်ကြောင်း မစ္စတာ ဘာဝူမီယာက ဆိုသည်။       

   (ref:Yahoo)






အခြားဆက်စပ်သတင်းများ