နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ် အသင်းပွဲစဉ် ကြည့်ရှုရန် စက်ရုံလည်ပတ်မှု ခေတ္တရပ်နား

ဆော်ပေါ်လို၊ နိုဝင်ဘာ ၂၆

ကာတာနိုင်ငံတွင်ကျင်းပနေသော ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ယှဉ်ပြိုင်နေ သည့် ဘရာဇီးလ်အသင်းပွဲစဉ်ကို ကြည့်ရှု ရန် ဆော်ပေါ် လိုမြို့ရှိ စက်ရုံတစ်ရုံသည် လုပ်ငန်းလည်ပတ်မှုကို နှစ်ရက်တာ ရပ် နားလိုက်ကြောင်း သိရသည်။

 ၂၀၂၂ ကမ္ဘာ့ ဖလားပွဲ၏အုပ်စု G တွင် ပါဝင်နေသည့် ဘရာဇီးလ်အသင်း သည် နိုဝင်ဘာ ၂၃ ရက်ကဆားဘီးယား အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ၂ ဂိုး ဂိုးမရှိ အနိုင်ရ ခဲ့ သည်။ ဘရာဇီးလ်နိုင်ငံဆော် ပေါ်လို မြို့ရှိ လုပ်သား ၁၁၅ ဦးရှိ သည့် စက်ရုံတစ်ရုံသည် ယင်းပွဲစဉ်ကို စက် ရုံ လုပ်သားများ ကြည့်ရှုနိုင်ရန် စက်ရုံ လည်ပတ်မှုကို နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက် နှစ်ရက်တာ ခေတ္တရပ်နားပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဘရာဇီးလ်ပရိသတ်များသည် ယင်း တို့အသင်းကို အားပေးရန် ဆန္ဒရှိကြ သလို ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် အားပေးနိုင်ခြင်းသည် စက်ရုံ၏ လုပ် ဆောင်နိုင်စွမ်းကို တိုးတက်စေမည်ဟု ယူဆကာ ပိတ်ပေးခြင်းဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး၁၀ ကြိမ် အထိ အုပ်စုတွင်းပထမနေရာ ရပ် တည်နိုင်ခဲ့သည့် ဘရာဇီးလ်အသင်း အနေဖြင့် အုပ်စုပွဲများ အဖြစ် ဆွစ်ဇာလန်၊ ကင်မရွန်း စသည့်အသင်းများနှင့် ဆက် လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

(ref: AP)






အခြားဆက်စပ်သတင်းများ