နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ထုတ် ကင်မရာများကို အစိုးရ အဆောက်အအုံများတွင် တပ်ဆင်ခွင့် မပြုဟု ဗြိတိန်ပြော

လန်ဒန်၊ နိုဝင်ဘာ ၂၆

ဗြိတိန်အစိုးရသည် လုံခြုံရေး အန္တရာယ်များကြောင့် တရုတ်ကုမ္ပဏီ များနှင့် ချိတ်ဆက်ထားသော စောင့် ကြည့်ရေးကင်မရာများကို အစိုးရ အဆောက်အအုံများတွင် တပ်ဆင်ခွင့် မပြုတော့ကြောင်း နိုဝင်ဘာလ ၂၅ ရက် က ကြေညာလိုက်သည်။

အဆိုပါ စောင့်ကြည့်ရေးကင်မရာ များကို အစိုးရ ဌာနများတွင် တပ်ဆင် ခြင်း နှင့် ပတ်သက်၍ လက်ရှိနှင့် အနာဂတ် တွင်ဖြစ်လာနိုင်သော  လုံခြုံရေး အန္တရာယ်များအပေါ်ပြန်လည်ဆန်းစစ် ခဲ့ရာ ထိန်းချုပ်မှုများ ပြုလုပ်ရန် လိုအပ် သည်ဟု ယူဆပြီး ယခုကဲ့သို့ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ရုံး ဝန်ကြီး အိုလီဗာ ဒေါင်ဒန်က ပြောသည်။

အစိုးရ၏ ညွှန်ကြားချက်တွင် တရုတ်လုံခြုံရေးဥပဒေဖြင့် ထုတ်လုပ် ထားသော စောင့်ကြည့် ကင်မရာများ ကို တပ်ဆင်ခြင်း မပြုရန်နှင့် တပ်ဆင်ထား ပြီးသား ကင်မရာများကိုလည်းပင်မ ကွန်ပြူတာ ကွန်ရက်များနှင့် ချိတ် ဆက်မှု ဖြတ်တောက်ရန် လမ်းညွှန်ထား ကြောင်း သိရသည်။

ဗြိတိန်ရှိ အများပြည်သူအကျိုးပြု အဖွဲ့အစည်းအများစုသည် တရုတ် အစိုးရပိုင် ကုမ္ပဏီများဖြစ်သည့် ဟိုက်ဗွီးရှင်း သို့မဟုတ် ဒါးဟွာစသည့် ကုမ္ပဏီများက ပြုလုပ်သော စောင့်ကြည့် ရေး ကင်မရာများကို အများဆုံး အသုံး ပြုလေ့ရှိသည်။                   

(ref: CNA)






အခြားဆက်စပ်သတင်းများ