နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းမြို့တော်တွင် နေထိုင်သူ ၇၀ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးမရသေး

ကီယက်ဗ်၊ နိုဝင်ဘာ ၂၅

ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့တော် တွင် နေထိုင်သူ ၇၀ ရာခိုင်နှုန်းကျော်သည် မြို့တွင်းရေပေးဝေမှုကို တစ်စိတ်တပိုင်း ပြန်လည်ရရှိပြီဖြစ်သော်လည်း လျှပ် စစ်မီး မရရှိသေးကြောင်း ကီယက်ဗ်မြို့ တော်ဝန် Vitaly Klitschko က နိုဝင်ဘာ ၂၄ ရက်က ပြောသည်။ 

မြို့တော်ဝန်၏အဆိုအရ မြို့တော် သို့လျှပ်စစ်ဓာတ်အားပြန်လည် ပေးဝေမှု  သည် ယူကရိန်းနိုင်ငံတော်ဓာတ်အား လိုင်းစနစ် ပြန်လည်စတင်နိုင်ခြင်းအခြေ အနေအပေါ် မူတည်သည်ဟုဆိုသည်။

 အလားတူ အိုဒက်ဆာမြို့တွင်လည်း လျှပ်စစ်မီးပြဿနာများရှိနေဆဲဖြစ် ကာ အထူးသဖြင့်လျှပ်စစ်ပို့ဆောင် ရေးစနစ်သည် လက်ရှိကာလ၌ မြို့ တွင်းတွင် လည်ပတ်နိုင်တော့မည် မဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင် များ၏ အစီရင်ခံစာအရမြို့တော်၏ အရေးပါသော အခြေခံအဆောက်အဦ များသာ လည်ပတ်နိုင်မည်ဖြစ် ကြောင်း သိရသည်။ 

မြို့တွင်းရေပေးဝေမှုမှာ မူယခုအချိန် တွင်မြို့၏ လက်ဝဲဘက် ခြမ်းအပိုင်း ၌ ပြန်လည် လည်ပတ်နေပြီး ထို အတော အတွင်း လက်ယာဖက်အခြမ်းတွင်မူ နေ့စဉ် နံနက်အစောပိုင်း များတွင် သာ ရေရရှိနိုင်မည်ဖြစ်ကြောင်းမြို့တော်ဝန် က ဆက်လက်ပြောကြားသည်။

 (ref: AFP)






အခြားဆက်စပ်သတင်းများ