နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Orion အာကာသယာဉ်ငယ်၏ လကမ္ဘာပတ်စမ်းသပ်မှု အောင်မြင်

နယူးယောက်၊ နိုဝင်ဘာ ၂၅

အမေရိကန်အာကာသ စူးစမ်းလေ့ လာရေး နာဆာက လွှတ်တင်ထားသည့် Orion အာကာသယာဉ်ငယ်သည်လ ကမ္ဘာကို ပထမဆုံး အောင်မြင်စွာပတ် နိုင်ပြီဖြစ်ကြောင်း နာဆာက နိုဝင်ဘာ ၂၄ ရက်တွင် ကြေညာလိုက်သည်။ 

အဆိုပါ အာကာသယာဉ်ငယ်သည် လကမ္ဘာမျက်နှာပြင်၏ အထက် ၈၁ မိုင် ခန့်အထိကပ်ပြီး လှည့်ပတ်နိုင်ခဲ့ ခြင်းဖြစ်ကာ နာဆာ၏ နောက်ဆုံးထုတ် ပြန်ချက်အရ အာကာသ ယာဉ်ငယ်သည် တစ်နာရီမိုင် ၅၀၀၀ကျော်နှုန်းနှင့် ပတ် နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

လကမ္ဘာကို ပတ်နေစဉ် Orion အာကာသယာဉ်ငယ်နှင့်ကမ္ဘာမြေဆက် သွယ်ရေး ခေတ္တပြတ်သွားခဲ့သော်လည်း နာဆာ၏ အာကာသကွန်ရက်နှင့် ပြန် လည်ချိတ်ဆက်နိုင်ခဲ့ကာ အာကာသ ယာဉ်ငယ်တွင် အာကာသယာဉ်မှူးများ ပါမသွားဘဲ လူပုံတူအရုပ် ၃ ရုပ်သာ ပါသွားကြောင်း သိရသည်။ 

အမေရိကန်ပြည်ထောင်စုတွင် Apollo လကမ္ဘာစူးစမ်းရေးကို နောက် ဆုံးပြုလုပ်ခဲ့ပြီးနောက် နှစ် ၅၀ အကြာ တွင် ယခုကဲ့သို့ လကမ္ဘာကို အနီးကပ် ဆုံးလေ့လာသည့် ခရီးစဉ်ကို ပထမဆုံး ပြန်လည် လုပ်ဆောင်နေခြင်း ဖြစ်သည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ