နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂-၂၃ တွင် ကန်ဒေါ်လာ သန်း ၅၀၀၀ ဖိုးခန့် ပြည်ပမှ တင်သွင်းခဲ့ရ

ရန်ကုန်  နိုဝင်ဘာ  ၂၅

ပြည်ပမှ နှစ်စဉ်တင်သွင်းနေ သော လူသုံးကုန်၊ စားသောက် ကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ စက်သုံးဆီ၊ စားသုံးဆီ၊ စိုက်ပျိုး ရေးသုံးဓာတ်မြေဩဇာ၊ လျှပ်စစ် ပစ္စည်း၊ ဘိလပ်မြေနှင့် ချည်မျှင်၊ ချည်လိပ်လုပ်ငန်းသုံးကုန်ကြမ်း များကို ၂၀၂၂-၂၃ ဘဏ္ဍာနှစ် အတွင်း ဧပြီ ၁ ရက်မှနိုဝင်ဘာ ဒုတိယပတ်အထိ ကန်ဒေါ်လာ သန်း ၅၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။

အဆိုပါတင်သွင်းမှုတွင် နိုင်ငံ တော်ပိုင်အတွက် ကန်ဒေါ်လာ ၇၂ သန်းကျော်ဖိုးနှင့်ပုဂ္ဂလိကပိုင် အတွက် ကန်ဒေါ်လာ ၄၈၆၂ သန်းဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယခု နှစ်တွင် ပထမဦးစားပေးအဖြစ် ရေနံထွက်ပစ္စည်းတင်သွင်းမှုနှင့် ဒုတိယဦးစားပေးအဖြစ် ချည်မျှင် နှင့်အထည်လိပ်တင်သွင်းမှုဖြစ် သည်။  

 အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ