နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ဆန် ဖိလစ်ပိုင်နိုင်ငံက ဒုတိယအများဆုံးဝယ်ယူ

ရန်ကုန်  နိုဝင်ဘာ  ၂၅

၂၀၂၂ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံက ဆန်များကို မက်ထရစ်တန်ချိန် နှစ်သိန်း ကျော် ဝယ်ယူတင်သွင်းခဲ့ပြီး ဒုတိယအများဆုံး ဝယ်ယူခဲ့ ကြောင်း သိရသည် ။

ဖိလစ်ပိုင်နိုင်ငံသည် ယခု နှစ် စက်တင်ဘာအထိ မြန်မာ့ ဆန် မက်ထရစ်တန်ချိန် ၂၀၃၈၈၀ တင်သွင်းခဲ့ပြီး ဒုတိယ အများဆုံး တင်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ဆန်ကို ပြီးခဲ့  သည့်နှစ်က မက်ထရစ်တန်ချိန် ၁၉၆၇၁၉ ဝယ်ယူခဲ့ပြီး ယခုနှစ် တွင် ပိုမိုဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင်မြေသြဇာ ဈေးကြီး၍ စပါးအထွက်တိုးရန် မသုံးစွဲနိုင်သည့်ပြင် ရာသီဥတု ကြောင့် စပါးခင်းများပျက်စီးခဲ့ရ သဖြင့် မြန်မာနှင့်အခြားနိုင်ငံ များမှ ဆန်ကိုဆက်လက်ဝယ်ယူ တင်သွင်းရမည်ဟု သိရသည် ။

ယခုအခါ ဖိလစ်ပိုင်နိုင်ငံ သည် ဗီယက်နမ်ဆန်ကို အဓိက ဝယ်ယူနေပြီး ဒုတိယ မြန်မာနိုင်ငံ နှင့် တတိယ ထိုင်းနိုင်ငံတို့က ဆန်များကို ဝယ်ယူလျက်ရှိ သည်။


  CN - 033






အခြားဆက်စပ်သတင်းများ