နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီမြစ်ရေနည်းချိန် မင်းကွန်းအနီး ဧရာဝတီလင်းပိုင် ၁၉ ကောင်ရောက်ရှိလာ

ရန်ကုန် နိုဝင်ဘာ ၂၅

ဧရာဝတီမြစ်ရေနည်းချိန် အစာပေါများသည့်နေရာများသို့ လင်းပိုင်များ မကြာခဏ ပြောင်းရွှေ့ နေထိုင်ကျက်စားမှု ရှိရာ ယခုရက်ပိုင်းအတွင်း လင်းပိုင် ၁၉ ကောင် မင်းကွန်း ဒေသအနီးတွင်နေထိုင်ကျက် စားလျက်ရှိကြောင်း သိရသည်။  

ဧရာဝတီလင်းပိုင် ထိန်း သိမ်း စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူများသည်စက်လှေ ဖြင့် ဧရာဝတီမြစ်အတွင်း သွားရောက်ကြည့်ရှုခဲ့ရာတွင် မင်းကွန်းဒေသအနီး လင်းပိုင် ၁၉ ကောင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

မြစ်ရေနည်းချိန်တွင် ဧရာ ဝတီလင်းပိုင်များသည်  မန္တလေး မှ ကျောက်မြောင်းကြား မကြာ ခဏ ပြောင်းရွှေ့နေထိုင်ကျက် စားမှုလျက်ရှိရာ ဝိုင်းဝန်းထိန်း သိမ်း စောင့်ရှောက်ပေးရန် တိုက်တွန်းထားသည် ။ 

လက်ရှိ ဧရာဝတီလင်းပိုင် နှင့် ကွန်ပစ်ငါးဖမ်းသည့်ဓလေ့ ကို ကြည့်ရှုရန် ခရီးသွား အများအပြား လာရောက်လျက် ရှိသည်။  

              CN - 033






အခြားဆက်စပ်သတင်းများ