နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြင့်မိုရ်အိမ်ယာ နေအိမ်ခန်းအတွင်း မီးလောင်

ရန်ကုန်   နိုဝင်ဘာ   ၂၅

လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ မာတလီလမ်း၊ လှိုင်မြင့်မိုရ်အိမ်ရာ တိုက် ၂၀/L အခန်း ၁၈ အတွင်း ယနေ့နံနက် ၈ နာရီ ၃၂ မိနစ် အချိန်မီးလောင်မှုဖြစ်ပွားသည်။

မီးလောင်မှုရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များသွားရောက် လုံခြုံ ရေးရယူပြီး မြို့နယ်မီးသတ်ဦးစီး  မှူး ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များ က မီးသတ်ယာဉ် သုံးစီး၊ ရေသယ် ယာဉ်နှစ်စီးဖြင့် ငြှိမ်းသတ်ရာ နံနက် ၈ နာရီ ၄၂ မိနစ်အချိန်ခန့် မီးငြိမ်းသည်။

မီးလောင်မှုမှာ အဲယားကွန်း ဆေ့ဖ်ဂတ် အပူလွန်ကဲရာမှ မီး လောင်ခြင်းဖြစ်ပြီး မီးလောင်မှု ကြောင့် လူထိခိုက်မှုမရှိဘဲ ဆေ့ဖ်ဂတ်တစ်လုံး၊ ခေါင်းအုန်း နှစ်လုံး၊ မွေ့ယာတို့အနည်းငယ် ပျက်စီးပြီး ဆုံးရုံးမှုတန်ဖိုး ကျပ် ငါးထောင်ခန့်ဖြစ်ကြောင်း သိရ သည်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ