နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်မောင်းများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်   နိုဝင်ဘာ   ၂၅

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ကုမ္ပဏီ များ စီမံမှုဖြင့် YBS ယာဉ်မောင်း များ ယာဉ်အန္တရာယ် ကင်းရှင်း ရေး ဆွေးနွေးပွဲ အမှတ်စဉ် ၁၃/ ၂၀၂၂ ကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ က YRTC သင်တန်းခန်းမ၌ YBS ယာဉ်မောင်း ၁၀၀ ဦးဖြင့်ဆောင် ရွက်သည်။(ပုံ)

ဆွေးနွေးပွဲသို့ တိုင်းဒေသ ကြီး YRTC ဒုတိယဥက္ကဋ္ဌ ဦးချစ် ကိုကို၊ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် ကော်မတီ ဝင်များ တက်ရောက်ကြပြီး ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ကမ္ဘာတစ်ဝန်းတွင် ယာဉ်တိုက် မှုကြောင့် သေဆုံးမှု၊ ထိခိုက် ဒဏ်ရာရမှု လျော့ကျစေရေးကို ကမ္ဘာ့ယာဉ်အန္တရာယ် လမ်း အန္တရာယ် ကင်းရှင်းရေးကောင်စီ က ဦးစီးဆောင်ရွက်လျက်ရှိ ကြောင်း ၂၀၃၀ ပြည့်နှစ်တွင် ထိခိုက်ဒဏ်ရာရမှု ထက်ဝက်သို့ ကျဆင်းစေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုပြုလုပ်သည့် ဆွေးနွေးပွဲသည် ယာဉ်တိုက်မှု လျော့ကျစေရေးအတွက် ရည် ရွယ်ပါကြောင်း၊ YBS ယာဉ်မောင်း များ ၂၀၂၂ ခုနှစ် အောက်တိုဘာ တွင် ယာဉ်စီးရေ ၃၁၃ စီး မီးနီ ဖြတ်မောင်းခြင်းကို CCTV မှတ် တမ်းများအရ တွေ့ရှိပါကြောင်း၊ ၎င်းယာဉ်များကို ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်ဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ မီးပွိုင့်ဖြတ်မောင်းခြင်းများကို မပြုလုပ်ရန်လိုကြောင်း၊ YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်မှု မရှိစေ ရေး YRTC ၏ ရည်မှန်းချက်ဖြစ် သည့် "ဘေးကင်းလုံခြုံပြီး ဝန် ဆောင်မှုကောင်းသည့် ခရီးသည် ပို့ဆောင်ရေး" ဆိုသည့်အချက် သည် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးဆိုသည့် အချက်ပေါ်တွင် အခြေခံပါ ကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားသည်။           

 (YRTC)






အခြားဆက်စပ်သတင်းများ