နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း မြေထိန်းနံရံတည်ဆောက်နေမှု တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ ကွင်းဆင်းစစ်ဆေး

ရန်ကုန်   နိုဝင်ဘာ   ၂၅

ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော် ဝင်းတို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီက လှိုင်သာယာ(အနောက် ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရန်ကုန်အနောက် ပိုင်း နည်းပညာတက္ကသိုလ်အဝင် လမ်းထောင့် အနော်ရထာစက်မှု ဇုန်ရှေ့သို့ သွားရောက်၍ အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲ မှု)က ရန်ကုန်-ပုသိမ်လမ်း ရေစု ကန်ရေမြောင်း ရေသွားလမ်း အကျယ် ၄၈ ပေကို အရှည် ၉၃၀ ပေရှိ မြေထိန်းနံရံ နှစ်ဖက် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးကြပြီး စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ