နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးသည့် သြစတြေးလျအမျိုးသားကို တရုတ်နိုင်ငံက သေဒဏ်ချမှတ်

ဆစ်ဒနီ   ဇွန်   ၁၄

မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးမှုကြောင့် သြစတြေးလျအမျိုးသားတစ်ဦးကို တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သြစတြေးလျအစိုးရက အတည်ပြုသည်။ အဆိုပါအမျိုးသားမှာ ကမ်ဂီလက်စ်ပီဟု အမည်ရကြောင်း သြစတြေးလျမီဒီယာတစ်ခုက ဖော်ပြသည်။ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံလေဆိပ်တွင် ကမ်ဂီလက်စ်ပီ၏ လက်ဆွဲအိတ်အတွင်း မက်သမ်ဖီတာမင်း ၁၆ ပေါင် သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဟု Sydney Morning Herald သတင်းစာက ဖော်ပြသည်။

''ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် သြစတြေးလျနိုင်ငံကတော့ သေဒဏ်ချမှတ်မှုကို ကန့်ကွက်ပါတယ်။ ကျွန်တော်တို့က တစ်ကမ္ဘာလုံးမှာ သေဒဏ်ချမှတ်မှု ဖျက်သိမ်းရေးကို ထောက်ခံပါတယ်။ ကျွန်တော်တို့ သွားလို့ရနိုင်သမျှ လမ်းကြောင်းတွေကတစ်ဆင့် အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမှာပါ''ဟု သြစတြေးလျနိုင်ငံခြားနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အပြန်အလှန်ဝေဖန်မှု၊ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် တရုတ်နှင့် သြစတြေးလျနိုင်ငံကြား ဆက်ဆံရေးအခြေအနေ တင်းမာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် သြစတြေးလျနိုင်ငံ၏ တိုက်တွန်းမှုမှာ တရုတ်နိုင်ငံကို ဒေါသထွက်စေခဲ့သည်။ သြစတြေးလျနိုင်ငံတွင် အာရှသားများအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသားများအနေဖြင့် သြစတြေးလျနိုင်ငံသို့ မသွားကြရန် တရုတ်နိုင်ငံက သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တရုတ်ကျောင်းသားများအနေဖြင့် သြစတြေးလျနိုင်ငံတွင် ဆက်လက်ပညာသင်ယူရေးကို စဉ်းစားကြရန် အကြံပြုထားသည်။ ထို့အပြင် တရုတ်နိုင်ငံက သြစတြေးလျနိုင်ငံ၏ အမဲသားတင်ပို့မှုကို ပိတ်ပင်ထားပြီး မုယောစပါး တင်ပို့မှုကိုလည်း အခွန်စည်းကြပ်ခဲ့သည်။

KNT






အခြားဆက်စပ်သတင်းများ