နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲအရာရှိတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီးနောက် အတ္တလန္တာမြို့ ရဲမှူးချုပ် ရာထူးမှနုတ်ထွက်

ဝါရှင်တန်  ဇွန်   ၁၄

ကားပေါ်မှဆင်းရန် မလိုဘဲ ပါဆယ်ဝယ်ယူနိုင်သည့် စားသောက်ဆိုင်တွင် ကားပေါ်၌ အိပ်ပျော်နေသည့် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားကို ရဲအရာရှိတစ်ဦးက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အတ္တလန္တာမြို့ ရဲမှူးချုပ်က ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ပြီးခဲ့သည့်သောကြာနေ့က စားသောက်ဆိုင်ရှေ့ ကားလမ်းတွင် ကားတစ်စီး ပိတ်ရပ်ထားခြင်းကြောင့် ပါဆယ်ဝယ်ယူမည့်သူများ အခက်တွေ့နေကြောင်း ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားမှု ရရှိခဲ့သည်။ ဝင်ဒီစားသောက်ဆိုင်သို့ ရဲအရာရှိများ သွားရောက်ချိန်တွင် အသက် ၂၇ နှစ်ရှိသည့် ရေးရှက်ဘရွတ်ကို ကားပေါ်တွင် အိပ်ပျော်နေကြောင်း တွေ့ရသည်။ ရေးရှက်ဘရွတ်မှာ အရက်သောက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဖမ်းမခံဘဲ ခုခံသည်။ ရေးရှက်ဘရွတ်က ရဲအရာရှိထံမှ လုယူခဲ့သည့် ကျင်စက်ဖြင့် တိုက်ခိုက်ရန် ဟန်ပြုခဲ့ရာ ရဲအရာရှိတစ်ဦးက ယင်းကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထို့နောက်တွင် ရေးရှက်ဘရွတ်ကို ဆေးရုံတင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့သည်။

ရေးရှက်ဘရွတ် သေဆုံးမှုနှင့်ပတ်သက်၍ အရေးယူပေးရန် ယခုအားလပ်ရက်တွင် အတ္တလန္တာမြို့မှ ဆန္ဒပြသူများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ အတ္တလန္တာမြို့ ရဲမှူးချုပ် အီရစ်ကာရှီးက ပြီးခဲ့သည့်စနေနေ့တွင် ရာထူးမှ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဘော့တွမ်က ပြောသည်။ ပြီးခဲ့သည့်စနေနေ့ ညနေပိုင်းတွင် ဆန္ဒပြသူများက အတ္တလန္တာမြို့ရှိ ပြည်နယ်ချင်းဆက် လမ်းမကြီး အမှတ် (၇၅) ကို ပိတ်ဆို့ခဲ့သည်။ မင်နီယာပိုလစ်မြို့တွင် ရဲအရာရှိကြောင့် လက်နက်မဲ့လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုအတွက် ပြီးခဲ့သည့်ရက်သတ္တသုံးပတ်အတွင်း အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

KNT






အခြားဆက်စပ်သတင်းများ