နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝအသိ တိုးတက်စေချင်

လူတို့သည် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရသောအလုပ်တို့၌ အဆင်ပြေသည်လည်းရှိသည်။ အဆင်မပြေသည်လည်းရှိ သည်။ အချို့မှာ အဆင်ပြေပြေတည်တည်ငြိမ်ငြိမ်လုပ်ကိုင် သွားနိုင်ကြသော်လည်း အချို့မှာအဆင်မပြေကြပါ။ ထိုအခါ စိတ်ဖိစီးမှုများဖြစ်ရသည်။ 

လူသားတိုင်းသည် လောဘ၊ ဒေါသ၊ မောဟတို့ကို တဖြည်းဖြည်းလျှော့ချနိုင်လျှင် ကောင်းမှန်းသိသည်။ အချိန် တိုင်းလိုချင်လောဘကြောင့်ခက်နေ၏။ လောဘကြောင့် ဒေါသမီးကတောက်နေ၏။ ထိုနည်းတူမောဟကြီးသူများ လည်း မောဟအလျောက်တွေဝေနေတတ်၏။

လူသည် သောကတည်းဟူသော စိတ်ဖိစီးမှုနှင့်မကင်းနိုင် ကြပါ။ အနည်းနှင့်အများလူတိုင်းတွင်   သောကရှိပါသည်။ အနည်းငယ်မျှသော သောက (ဝါ) စိတ်ဖိစီးမှုသည် လူတို့ အတွက် မပြောပလောက်သော်လည်း ကြီးမားသောစိတ်ဖိစီး မှုနှင့်ကြုံတွေ့ရသောအခါ အသက်အန္တရာယ်ခြိမ်းခြောက် တတ်ပါသည်။ ပြင်းထန်သောစိတ်ဖိစီးမှုဒဏ်ကြောင့် ကြံမိ ကြံရာကြံတတ်ကြသည်။ 

ဂျပန်နိုင်ငံတွင်  လူငယ်များ  မိမိကိုယ်ကို အဆုံးစီရင်မှု လျော့ကျလာရေးအထောက်အကူပြုနိုင်ရန်   ထူးခြားသော နည်းလမ်းများဖြင့် ချဉ်းကပ်သည့်အနေဖြင့်  အိမ်သာသုံး စက္ကူများတွင် အားပေးစကားများ ရေးသားနှစ်သိမ့်ဆွေးနွေး ပေးမည့် Hot Line ဖုန်းနံပါတ်များ ဖော်ပြအသုံးပြုနေကြ သည်။ ကြုံတွေ့နေရသော ပြဿနာများစွာ၏ အဆုံးစီရင်မှု ပြဿနာများဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာလတွင် အခြား နိုင်ငံများကဲ့သို့ပင်မြင့်တက်လျက်ရှိသည်။ စာသားရိုက်နှိပ် ထားသော စက္ကူလိပ်များအား တက္ကသိုလ် ၁၂ ခုသို့  ဖြန့်ဝေ ထားကြောင်း သိရသည်။

လောက၌ လူတိုင်းသည် အသိတရားရှိကြ၍ ထိုအသိ တရားအတိုင်း သတိပြုကျင့်ကြံနေထိုင်သွားခဲ့ပါမူ တိုးတက် ခြင်း၊ ကြီးပွားခြင်း၊ ဖွံ့ဖြိုးခြင်းဟူသော အကြောင်းတရားအရ ကောင်းကျိုးချမ်းသာကို ရရှိစေ၏။ အဆင်မပြေမှုများ စုပြုံ လာသည့်အခါတွင် စိတ်ထွက်ပေါက်ကို အမြန်ဆုံးဖွင့်ပေးသင့် ၏။ စိတ်ပြေရာပြေကြောင်း ပြုလုပ်ပေးခြင်းသည် စိတ်ထွက် ပေါက်ဖွင့်ပေးခြင်းပင်ဖြစ်၏။

စိတ်ထွက်ပေါက်ရှာခြင်းကို အချို့က ဓမ္မနည်းလမ်းအရ သော်လည်းကောင်း၊   အချို့က  ပျော်ရွှင်ဖွယ်ရာအမှုတို့ကို ပြုခြင်းအားဖြင့်သော်လည်းကောင်း  စိတ်ထွက်ပေါက်ရှာ လေ့ရှိသည်။ အပန်းဖြေခရီးထွက်ခြင်း၊ ရုပ်ရှင်၊ ဂီတနားဆင် ကြည့်ရှုခြင်းများပြုလုပ်၍ စိတ်ထွက်ပေါက်ရှာခြင်းဖြင့် စိတ် ထွက်ပေါက်ကိုဖွင့်ကြရသည်။ 

သို့သော် ဤလောကကြီးအတွင်း မှီတင်းနေထိုင်ကြသော လူသားအားလုံးသည် အသိတရားရှိကြသည်မဟုတ်။ လိမ္မာ ရေးခြားရှိသကဲ့သို့ တရားကင်းမဲ့သူတို့ မြောက်မြားစွာရှိချေ ၏။ အသိတရားများအပေါ် ဆင်ခြင်၊ ကျင့်ကြံအားထုတ်မည် ဆိုပါက ဘဝတစ်လျှောက်လုံးသည် တိုးတက်နေသည်ဟု ဆိုချင်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ