နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို စိုးရိမ်၍ ဘေဂျင်းမြို့တစ်ဝိုက်တွင် ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်

ဘေဂျင်း   ဇွန်   ၁၄

ရက် ၅၀ ကျော်အတွင်း ဘေဂျင်းမြို့တွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိခဲ့ပြီးနောက် ဘေဂျင်းမြို့တစ်ဝိုက်တွင် တင်းကြပ်သည့်စည်းမျဉ်းများ ချမှတ်ခဲ့သည်။ အဆိုပါဗိုင်းရပ်စ် ကူးစက်မှုမှာ ဘေဂျင်းမြို့၏ အကြီးဆုံး လက်ကားဈေးနှင့် ဆက်နွှယ်နေသည်။ ရှင်ဖာဒီဈေးမှ ဈေးသည် ၅၁၇ ဦးကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်ခဲ့သည့်အနက် ၄၅ ဦးတွင် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ခရိုင်အရာရှိတစ်ဦးက ပြောသည်။

ရောဂါပိုးရှိနေသူအားလုံး ရောဂါလက္ခဏာပြခဲ့ခြင်းမရှိဟု ဆိုသည်။ ဘေဂျင်းမြို့အနီးတစ်ဝိုက်ရှိ ဒေသ ၁၁ ခုတွင် ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်ထားပြီး ဈေးသူဈေးသား ၁၀၀၀၀ ကို ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်မည်ဖြစ်သည်။ မကြာသေးမီကာလအတွင်း ရှင်ဖာဒီဈေးနှင့် ဆက်နွှယ်ခဲ့သူများနှင့် အနီးပတ်ဝန်းကျင်ခရိုင်တွင် နေထိုင်သူအားလုံးကို အာဏာပိုင်များက ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန် လိုလားနေသည်။ ရက် ၅၀ ကျော်အတွင်း ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တွေ့ရှိခဲ့ပြီးနောက် ဘေဂျင်းမြို့တွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း ကြုံတွေ့မည်ကို စိုးရိမ်ပူပန်နေကြသည်။                                                                                         

KNT






အခြားဆက်စပ်သတင်းများ