နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လန်ဒန်မြို့တွင် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်ကို ဖမ်းဆီး

လန်ဒန်   ဇွန်   ၁၄

ပြီးခဲ့သည့်စနေနေ့က လန်ဒန်မြို့တွင် ဆူပူအုံကြွဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း လန်ဒန်မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် လှုပ်ရှားသူများက ရုပ်တုများကို မဖျက်ဆီးစေနိုင်အောင် ကာကွယ်ပေးရန်အတွက်ဟုဆိုကာ လက်ယာစွန်းရောက်ဝါဒရှိသူများ အပါ အဝင် လူထောင်ပေါင်းများစွာ စုဝေးခဲ့ပြီးနောက် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြသည်။

''လူမျိုးရေးခွဲခြားတဲ့ လူရမ်းကားတွေအတွက် ကျွန်တော်တို့လမ်းတွေပေါ်မှာ နေရာမရှိပါဘူး''ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသည်။ ဆူပူအုံကြွမှု၊ ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ တည်ငြိမ်အေးချမ်းရေးကို ချိုးဖောက်မှု၊ မူးယစ်ရမ်းကားပြီး ပထမအဆင့် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှု စသည့်စွဲချက်များအပါအဝင် စွဲချက်အများအပြားဖြင့် လူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စကော့တလန်ယာ့ဒ်ရဲတပ်ဖွဲ့က ပြောသည်။

၂၀၁၇ ခုနှစ်က ဝက်မင်စတာတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ရဲအရာရှိ ကိတ်ပယ်လ်မာ၏ အထိမ်းအမှတ်ကျောက်တိုင်ဘေး၌ အမျိုးသားတစ်ဦး ကျင်ငယ်စွန့်ခဲ့သည့်ဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့်စနေနေ့က လန်ဒန်မြို့နှင့် ဗြိတိန်နိုင်ငံတစ်ဝန်းတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲအများအပြားလည်း ကျင်းပခဲ့သည်။

KNT






အခြားဆက်စပ်သတင်းများ