နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနစ်နေသည့် အမျိုးသမီးတစ်ဦးကို ဆူမိုနပန်းသမားများ ကယ်တင်

တိုကျို  ဇွန်   ၁၄

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်းသည့်ပုံစံဖြင့် ကီနာဂါကာဝါမြစ်ထဲတွင် ရေနစ်နေသည့် အမျိုးသမီးတစ်ဦးကို ဆူမိုနပန်းသမားများက ကယ်တင်နိုင်ခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အသက် ၃၀ ဝန်းကျင်ရှိသည့် အမျိုးသမီးတစ်ဦးက တိုကျိုမြို့၊ အဒါချီရပ်ကွက်ရှိ မြစ်အနီး လမ်းလျှောက်ခဲ့ပြီးနောက် အတားအဆီး ကို ကျော်တက်ပြီး ရေထဲခုန်ချခဲ့သည်။ မြစ်ကူးတံတားဘေး ကပ်လျက်ရှိ အဆောက်အအုံမှာ ဆူမိုနပန်းသမားများ လေ့ကျင့်ရေးခန်းမဖြစ်သည်။

ရေနစ်နေသည့် အမျိုးသမီးကို တွေ့ရှိခဲ့ပြီးနောက် ဆူမိုနပန်းသမား ၂၀ နီးပါးက မြစ်ထဲဆင်းပြီး အမျိုးသမီးကို ဆွဲတင်နိုင်ခဲ့သည်။ ထို့နောက်တွင် အရေးပေါ်လူနာတင်ကား ရောက်ရှိလာခဲ့ရာ ဆူမိုနပန်းသမားများက အမျိုးသမီးကို ထမ်းစဉ်ပေါ်တင်ပြီး လမ်းပေါ်ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် အမျိုးသမီးအနေဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ခြင်းမရှိပေ။ ရေနစ်နေသည့် အမျိုးသမီးကို အသက်ကယ်ပေးခဲ့ခြင်းကြောင့် ဆူမိုနပန်းသမားများကို အသိအမှတ်ပြုလက်မှတ်ပေးအပ်ရန် စဉ်းစားနေသည်ဟု ဒေသခံရဲတပ်ဖွဲ့က ပြောသည်။  

KNT






အခြားဆက်စပ်သတင်းများ