နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျရပ်နားစေချင်

ရန်ကုန်မြို့ကြီးကို နိုင်ငံတကာမြို့ကြီးများနှင့်အညီ ဖွံ့ဖြိုး တိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများတွင် ရန်ကုန်မြို့တွင်း ဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများတွင် မော်တော်ယာဉ် များ  လွယ်လင့်တကူမောင်းနှင်နိုင်ရန်အတွက်   လမ်းများ တိုးချဲ့ခြင်း၊ လူသွားစင်္ကြံများပြုပြင်ခြင်း၊ အုတ်စီရေမြောင်း ပြုလုပ်မှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ဝန်ထမ်းများက ဆောင် ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ထိုက်သင့် သလောက်လျော့နည်းလာပြီဟုဆိုသည်။ ထိုကဲ့သို့ လမ်းများ နှင့်  ပလက်ဖောင်းများ တိုးချဲ့ပေးလိုက်သည့်အတွက်           မော်တော်ယာဉ်ရပ်နားရန်နေရာများကျယ်ဝန်းလာပြီး လူသွား စင်္ကြံများ  ကျဉ်းမြောင်းသွားသည်ကို  မြို့နေပြည်သူများ နားလည်မှုရှိကြမည်ဖြစ်ပေသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ကော်မတီဝင်များ၊ ဌာနမှူးများလိုက်ပါ၍ နိုဝင်ဘာ ၂၁ ရက် တွင် ကမာရွတ်မြို့နယ် ၇ ရပ်ကွက်ရှိ ဟံသာဝတီလမ်းကို အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က အရှည်ပေ ၁၁၀၀၀၊ အကျယ် ၁၇ ပေ၊ အောက်ခံထု ၆ လက်မ၊ အပေါ်ထု ၉ လက်မရှိ ကွန်ကရစ်လမ်းသားတိုးချဲ့၊ ခင်းကျင်းနေမှု၊ နိုဝင်ဘာ၂၂ ရက် ညတွင် ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံ မြို့နယ်ဆုံရာ ဦးထောင်ဘိုအဝိုင်းအနီးသို့ သွားရောက်၍ ကမ်းနားလမ်းမှ ဦးထောင်ဘိုအဝိုင်းအထိ ဆူးလေဘုရား လမ်း၊ အလံပြဘုရားလမ်းနှင့် တိရစ္ဆာန်ဥယျာဉ်လမ်းတစ်လျှောက် ကတ္တရာကွန်ကရစ်ခင်းကျင်းနေမှုများကို ကြည့်ရှုစစ်ဆေး သည်။ 

လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင် ရွက်ရန်မှာကြားခဲ့သည်။ ကမ်းနားလမ်းမှ ဦးထောင်ဘိုအဝိုင်း အထိ အရှည် ၉၅၀၀ ပေ၊ အကျယ် ၇၂ ပေ၊ ထု ၂ လက်မ ကတ္တရာကွန်ကရစ် AC ခင်းကျင်းလျက်ရှိရာ တိရစ္ဆာန်ဥယျာဉ်  လမ်းအား စတင်ခင်းကျင်းလျက်ရှိသည်။

တိုးချဲ့ပေးလိုက်သောလမ်းများ၊ ရပ်နားစခန်းများ တိုးတက် လာသော်လည်း ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ် များ တစ်နေ့တစ်ခြားတိုးတက်များပြားလာ၍ အဓိကလမ်းမ ကြီးများပေါ်တွင် ယာဉ်များစည်းကမ်းမဲ့ရပ်နားကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများ များပြားလာ ကြောင်း တွေ့ရသည်။ 

သို့ဖြစ်ရာ   ရန်ကုန်မြို့တော်ကြီးအား   ဘက်ပေါင်းစုံမှ ပြုပြင်မွမ်းမံနေချိန်တွင် လူသွားစင်္ကြံနှင့်လမ်းများပေါ်တွင် အကျည်းတန်အရုပ်မဆိုးအောင် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ