နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်လိုရာဒို နိုက်ကလပ်ပစ်ခတ်မှု LGBT ငါးဦးသေဆုံး

ကော်လိုရာဒို ၊ နိုဝင်ဘာ ၂၂ 

အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်ရှိ LGBTQ များ လာရောက် သည့် နိုက်ကလပ်တစ်ခုတွင်သေနတ်ပစ် ခတ်မှုဖြစ်ပွားရာ လူ ငါးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း အာဏာ ပိုင်များက နိုဝင်ဘာ ၂၁ ရက်တွင် ထုတ် ပြန်သည်။

အသက် ၂၂ နှစ်အရွယ်ရှိသေနတ် သမားသည် အဆိုပါ နိုက်ကလပ် အတွင်းသို့ ဝင်လာပြီးနောက် ရိုင်ဖယ် တစ်လက်နှင့် ပစ်ခတ်သွားခြင်းဖြစ် ကြောင်း ကော်လိုရာဒို စပရင်းနယ်မြေရဲ ဌာန က ပြောသည်။ 

အဆိုပါ နိုက်ကလပ်သည်လိင်စိတ် ခံယူမှုကွဲပြားသူ (LGBTQ)များ အများ စုလာရောက်သည့် ကလပ်ဖြစ် ပြီး ပစ် ခတ်မှုဖြစ်ပွားချိန်တွင် ကလပ်အတွင်း ရဲရင့်သည့်ပြည်သူ နှစ်ဦးက သေနတ် သမားကို ဟန့်တားတိုက်ခိုက် ခဲ့ခြင်း ကြောင့် ပစ်ခတ်မှုရပ်သွားခြင်း ဖြစ် ကြောင်း သိရသည်။ 

ဒဏ်ရာ ရသူများအနက် အချို့သည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေပြီး လတ်တလောတွင်သေနတ် နှင့် ပစ်ခတ် သူကို ဖမ်းမိထားကာ စုံစမ်း စစ် ဆေးမှု များ  ဆက်လက်လုပ် ဆောင်နေကြောင်း နယ်မြေရဲဌာနက ပြောသည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ