နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိညောင်းညာမှုကို လျှော့ချပေးနိုင်မည့် နည်းလမ်းများ

ဇွန် ၁၄

လူသားတို့၏ နေ့စဉ်ဘဝများတွင် မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာမျက်နှာပြင်များကို အချိန်အကြာကြီး ကြည့်နေခြင်းကြောင့် လူများစွာမှာ အမြင်အာရုံဝေဝါးခြင်း၊ မျက်စိယားယံခြင်းနှင့် နေ့စဉ်ခေါင်းကိုက်တတ် သည့် ဝေဒနာများကို စတင်ကြုံတွေ့နေကြရသည်။

မျက်စိညောင်းညာမှုကိုလျှော့ချရန်နှင့် မျက်စိပြန်လည်အားကောင်းလာစေမည့် လွယ်ကူရိုးရှင်းသော နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်သည်။
လက်ဖဝါးနှစ်ဖက်ကို အနည်းငယ်နွေးလာသည်အထိ ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်အထိကြာအောင် ပွတ်တိုက်ပြီး မျက်စိပေါ်တွင်အုပ်ထားလိုက်ပါ။ မျက်စိကို လက်ဖြင့် တိုက်ရိုက်မထိပါနှင့် မျက်စိပေါ်မှ ဖော့ဖော့လေးအုပ်ထား ပေးရမည်ဖြစ်သည်။

သုံးစက္ကန့် (သို့မဟုတ်) လေးစက္ကန့်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းက မျက်စိညောင်းညာမှုကို လျော့ကျစေရန် အထောက်အကူဖြစ်စေသည်။ ရုပ်မြင်သံကြားကြည့်နေချိန် (သို့မဟုတ်) ကွန်ပျူတာဖြင့် အလုပ်လုပ်နေချိန်တွင် မျက်တောင်ခတ်သည့် အကြိမ်ရေ နည်းပါးလေ့ရှိသဖြင့် စက္ကန့်အနည်းငယ်ကြာတိုင်း မျက်တောင်ခတ် ပေးခြင်းဖြင့် သင်၏မျက်စိကို အနားပေးလိုက်ပါ။
သင်ရှိနေသောနေရာမှ ၆ မီတာမှ ၁၀ မီတာအထိ ဝေးသောအရာဝတ္ထုတစ်ခုကို ရွေးချယ်ပြီး ယင်းအရာဝတ္ထု တစ်ခုတည်းကို ခေါင်းကိုများစွာမလှုပ်ရှားဘဲ စက္ကန့်အနည်းငယ်ကြာအောင် အာရုံစိုက်၍ကြည့်ပါ။ ယင်းနည်း က ဖိအားများစွာ ခံလာရတတ်သော မျက်စိတစ်ဝိုက်ကြွက်သားများကို အနားရစေသည်။

မျက်စိကိုတတ်နိုင်သမျှ အကျယ်ဆုံးစက်ဝိုင်းပုံလှည့်ပေးပါ။ လေးကြိမ်ခန့် ယင်းကဲ့သို့လှည့်ပေးပြီး မျက်စိပိတ် ထားလိုက်ပါ။ မျက်စိပိတ်ထားချိန်တွင် အသက်ကိုအာရုံစိုက်၍ ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး သက်သောင့် သက်သာဖြစ်စေရန် အာရုံစိုက်ပါ။
ကွန်ပျူတာအသုံးပြုချိန်တွင် မျက်နှာပြင်ကို သင်၏မျက်စိနှင့်တတ်နိုင်သမျှ ဝေးနေစေရန် လိုအပ်သည်။ သို့သော် အလွန်အားစိုက်၍ ကြည့်စရာမလိုသော အကွာအဝေးမျိုးဖြစ်ရမည်။ သင့်အပေါ်ရှိ  မီးအလင်းရောင် မှာလည်း လုံလောက်သော အလင်းရောင်ရှိနေရန် လိုအပ်သည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်၌ Filter တစ်ထပ် ထပ်ထားခြင်းဖြင့်လည်း မျက်စိအတွက် အထောက်အကူပြုသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ