နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားတွင် COVID-19 ကူးစက်မှုသစ် ဖြစ်ပွားနှုန်းကျဆင်းလာ

ဧပြီ ၃၊ ဆိုးလ် ဧပြီလ ၃ ရက်တွင် COVID-19 ကူးစက်ခံရသူ ၈၆ ယောက် ထပ်တိုးခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံတွင် အနည်းဆုံး ကူးစက်ခံရသူ ၁၀၀၆၂ ဦး ရှိလာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိသည့် ဒုတိယမြောက် အာရှနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် ပြီးခဲ့သည့်လအတွင်း ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားရာ နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှာ ယခုနောက်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် လာနိုင်ခဲ့ပြီး နေ့စဉ်ကူးစက်ခံရသူ အရေအတွက် တဖြည်းဖြည်းလျော့နည်းလာကြောင်း တွေ့ရသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က တောင်ကိုရီးယားနိုင်ငံတွင် သေဆုံးသူ ၅ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁၇၄ ဦး ရှိလာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် COVID-19 လူနာ‌များ၏ ၆၀ ရာခိုင်နှုန်းနီးပါးဖြစ်သည့် လူ ၆၀၂၁ ဦးမှာ ရောဂါသက်သာ ပျောက်ကင်းခဲ့သည်။ သို့သော် COVID-19 လူနာ ၃၈၆၇ ဦးကို သီးသန့်ခွဲခြားထားပြီး ကုသပေးနေရဆဲဖြစ်သည်။ COVID-19 စတင်ကူးစက်ပျံ့နှံ့ရာဖြစ်သည့် တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ၈၂၀၀၀ ကျော် ရှိနေသည်။ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ကူးစက်ခံရသူ ၃၃၂၉ ဦးရှိနေသည်။ COVID-19 ကူးစက်ခံရသူများအနက် မြေပြင်ပေါ်တွင် ကူးစက်ခံရသူ ၂၆၁၇ ဦးရှိပြီး ယိုကိုဟားမားကမ်းလွန်ဘက်တွင် နှစ်ပတ်ကြာ ကျောက်ချရပ်နားကာ အသွားအလာကန့်သတ်ခဲ့သည့် Diamond Princess အပျော်စီးသင်္ဘောပေါ်မှ လူ ၇၁၂ ယောက် ကူးစက်ခံခဲ့ရသည်။ ဂျပန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၇၄ ဦးရှိသည့်အနက် ၆၃ ဦးမှာ ကုန်းမြေပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြား ၁၁ ဦးမှာ Diamond Princess သင်္ဘောပေါ်တွင် လိုက်ပါခဲ့သူများဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ