နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွား လာလျက်ရှိသည်။ နေရေး၊ စားရေးထက် ဆေးဖိုးမရှိပါက မသက်သာသည့်အဆုံးရောက်မှသာ  ဆေးရုံ၊  ဆေးခန်း သွားကြရသည်။  ဤသည်မှာ  အခမဲ့ဆေးဝါးကုသပေးမှုများ လိုအပ်နေကြောင်း ထင်ရှားသကဲ့သို့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးကုသပေးခြင်းကို ကြိုဆိုလျက်ရှိသည်။ 

အခမဲ့ဆေးကုသပေးခြင်းကို  နိုင်ငံတော်အပိုင်းက သာမက၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ ပုဂ္ဂလိက လူမှုရေးအဖွဲ့အစည်းများကလည်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိသည်ကို သတိပြုမိသည်။ ဆေးဝါးများလှူဒါန်း ခြင်း၊ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးနှင့်ပတ်သက် သော အသိပညာဗဟုသုတများဟောပြောပို့ချခြင်းတို့သည် ဆေးအလှူများဖြစ်သည်။ ဆေးလှူဒါန်းခြင်းအလုပ်သည် အမွန်မြတ်ဆုံးသောဒါနဖြစ်သည်။ 

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် နိုဝင်ဘာ ၂၀ ရက်တွင် ပုသိမ်မြို့နယ် ငွေဆောင်မြို့ရှိ ပြည်သူ့ ဆေးရုံတွင်အခြေပြု၍ ဒေသခံပြည်သူကျန်းမာရေးစောင့် ရှောက်မှုဆောင်ရွက်လျက်ရှိရာ ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၄၆ ဦး၊ ခွဲစိတ်ရောဂါ ၂၇ ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၁၄၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၄ ဦး၊ မျက်စိရောဂါ ၃၁၂ ဦး၊ သွားနှင့် ခံတွင်းရောဂါ ၁၀၂ ဦး၊ စုစုပေါင်း ၁၀၆၆ ဦးကို ဆေးဝါးကုသ မှုများဆောင်ရွက်ပေးခဲ့သည်။ 

မျက်စိခွဲစိတ်လူနာ ၁၀ ဦးကို ခွဲစိတ်ကုသမှုများဆောင် ရွက်ပေးပြီး၊ ဓာတ်မှန်ရိုက်လူနာနှစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ် သည့်လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ ဆေးရုံများတက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ သည်။ ဤသို့ အခမဲ့ဆေးဝါးကုသပေးမှုများပေါ်ပေါက်လာ ခြင်းသည် ပြည်သူလူထုအတွက် ဝမ်းမြောက်စရာပင်ဖြစ် သည်။ 

ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်လာ စေရန် အခမဲ့ဆေးဝါးကုသမှုများ၊ ဆေးအလှူများကို တိုးမြှင့် ဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ