နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ ယခုလကုန်ထိ ကျောင်းအပ်လက်ခံမည်

ရန်ကုန်   နိုဝင်ဘာ   ၂၁

သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်း ပညာဦးစီးဌာန၏ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် တက် ရောက်မည့်သူများကို ယခုလ ကုန်အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနက အသိပေးထုတ်ပြန် သည်။

နည်းပညာတက္ကသိုလ်များ နှင့် ကွန်ပျူတာတက္ကသိုလ်များ တွင် ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားကာ ကျောင်းအပ် လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျောင်းအပ်လက်ခံ ရာ၌ စနေနှင့် တနင်္ဂနွေများတွင် ပါ လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး နောက်ဆုံး ကျောင်း အပ်လက်ခံမည့် နေ့ထက် ကျော်လွန်၍ ကျောင်းအပ်နှံခြင်း များကို လက်ခံဆောင်ရွက်ပေး မည် မဟုတ်ကြောင်း အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန  က အသိပေး ထုတ်ပြန်ထား  သည်။

(008)






အခြားဆက်စပ်သတင်းများ