နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားတွင် ရွေးကောက်ပွဲများ စတင်ကျင်းပ

ကွာလာလမ်ပူ၊ နိုဝင်ဘာ   ၂၀

မလေးရှားနိုင်ငံ၏   အထွေထွေ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၁၉ ရက်တွင် စတင်နေပြီဖြစ်ရာ ပြည်သူ များက မဲပေးဆောင်ရွက်မှုများ ပြုလုပ် နေကြပြီ ဖြစ်သည်။

ယခု အထွေထွေရွေးကောက်ပွဲ သည် ၂၀၁၈ ခုနှစ် မဲပေးမှုနောက်ပိုင်း ဝန်ကြီးချုပ် ၃ ယောက် ပြောင်းလဲကာ ညွန့်ပေါင်းအစိုးရ ၂ ခုပြိုကွဲပြီးနောက် မလေးရှားနိုင်ငံရေးကို      ပြန်လည် တည်ငြိမ်စေရန် လုပ်ပေးနိုင်မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။ 

မဲပေးပြည်သူများသည် စီးပွားရေး၊ လူနေမှုစရိတ် မြင့်တက်မှု၊ နိုင်ငံရေး မတည်ငြိမ်မှုများနှင့်  ပတ်သက်ပြီး စိုးရိမ်နေကြကာ ရွေးကောက်ပွဲတွင် မလေးရှားနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် အစ္စမေး  ဆာဘရီဘင်ဟာကော့၊ အတိုက်အခံ ခေါင်းဆောင် အန်ဝါအီ ဘရာဟင်နှင့်   ဝန်ကြီးချုပ်ဟောင်း မူရဒ်ဒင်ရာ့ဆင်တို့   ဦးဆောင်သည့် အဓိကညွန့်ပေါင်း အဖွဲ့အစည်း ၃ ခု ကြား အကြိတ်အနယ် ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။

လက်ရှိ စစ်တမ်းများအရ ဝန်ကြီး ချုပ် အစ္စမေးဆာဘရီဘင်ဟာကော့၏ မလေးအမျိုးသား တပ်ပေါင်းစု ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က အနိုင်ရနိုင်ခြေ ပိုများနေကြောင်း သိရ သည်။                 

  ရဲခေါင် (ref: CNN)






အခြားဆက်စပ်သတင်းများ