မန္တလေး၊ ဇွန် ၁၄
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့သည့် အားကစားနှင့် ကာယပညာဦးစီးဌာန ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းအား ဇွန် ၁၃ ရက်၊ နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ (ကိုယ်စား) မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် ကော်မတီဝင်များက လာရောက်ကြည့်ရှုကြ သည်။ ထို့နောက် ဗထူးအားကစားကွင်းတွင်အသုံးပြုရန် မြက်ဖြတ်စက်နှင့် အားကစားပစ္စည်းများပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းက လက်ခံရယူခဲ့စဉ်။
မောင်ပြည်သူ(မန္တလေး)