နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်ဖွံ့ဖြိုးရေး၊ ကြိုးပမ်းအားထုတ်စေချင်

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးသည် အခြေခံအကျဆုံးဖြစ်သည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းကို အဓိက ဆောင်ရွက်သည့်နိုင်ငံဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင် စားသောက်ကုန်များ ပြတ်လပ်မှု ရှိခဲ့ကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ပတ်သက်၍လည်း အခက်အခဲများကြားမှ ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလ အကျပ်အတည်းကို အစိုးရ၊ တပ်မတော် နှင့် ပြည်သူတို့ လက်တွဲညီညီပူးပေါင်း၍ အောင်မြင်စွာကျော်ဖြတ် နိုင်ခဲ့သည်။

ကျေးလက်ဒေသများတွင် ဖွံ့ဖြိုးရေးအစီအမံများ ဆောင်ရွက် လျက်ရှိရာ အဓိကအားဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်သော စိုက်ပျိုးရေရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျေးရွာ များ မီးလင်းရေး၊ ကျေးရွာတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်စွမ်းအင်တိုးတက်ကာ လူတစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိရေးစသည်ဖြင့် ရည်မှန်းချက်များ ထားရှိဖော်ဆောင် လျက်ရှိသည်။

ကျေးလက်လူငယ်အရင်းအမြစ်များ ထူထောင်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည်ဖြင့် ဘက်ပေါင်းစုံဖွံ့ဖြိုးရေး အစီအမံများကိုလည်း ဖော်ဆောင်လျက်ရှိသည်။ မြစိမ်းရောင် ကျေးရွာစီမံကိန်းသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ကျေးလက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု ဖြစ်သည်။ ယင်းအပြင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်း များ ဖောက်လုပ်ရာတွင် ဒေသထွက်ကုန်များကို ဈေးကွက် အရောက် ပို့နိုင်ရေးအတွက် မြေပြင်တွင် အမှန်တကယ် လိုအပ်နေ သည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ ရေး သက်ဆိုင်ရာဦးစီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် လျက်ရှိသည်။-

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနသည် ကျေးလက်ဒေသများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာရေး လိုအပ်သည့်ငွေကြေးအရင်းအနှီးများ ရရှိစေရေး အတိုးနှုန်းသက်သာစွာဖြင့် ထုတ်‌ချေးလျက်ရှိသည်။

ကျွန်ုပ်တို့နိုင်ငံတွင် လူဦးရေအများဆုံးနေထိုင်ပြီး အလုပ် လုပ်သော၊ ကြိုးစားသော ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး အရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် လူတစ်ဦးချင်းဝင်ငွေ မြင့်မားစေရေး ကို ကြိုးပမ်းအားထုတ်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ