ဘားအံ၊ ဇွန် ၁၄
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇွန် ၁၃ ရက်၊ ညနေ ၄ နာရီက ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံ၌ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ အသက်၈၅ နှစ်နှင့် အထက်အဘိုးအဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂ နှစ်အောက်ကလေးငယ်များအား Covid-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ၃၀၀၀၀(သုံးသောင်း)ကျပ်ကို သွားရောက် ထောက်ပံ့ပေးခဲ့စဉ်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)