နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်း၊ တိုက်ကြီး-ဖောင်ကြီး-ပဲခူးလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းခွင်၊ နေကြာစိုက်ခင်းနှင့် ဓာတ်မြေဩဇာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်   နိုဝင်ဘာ   ၂၀

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲ အခမ်းအနား တက်ရောက်အားပေး ပြီး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နေကြာစိုက်ခင်း တို့အား ကြည့်ရှုစစ်ဆေးကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် မိုးစပါးစံပြကွက် ရိတ်သိမ်းမည့် တိုက်ကြီးမြို့နယ်၊ ပုတ္တ ကျေးရွာအုပ်စု၊ သစ်စုကျေးရွာ သို့ ရောက်ရှိရာ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနနှင့် တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများက မြို့နယ် အတွင်း ၁၂၅၃၆၇ ဧက အပါ အဝင် တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၃၆၉၆ ဧက စိုက်ပျိုး ထားရှိရာ ယနေ့တွင် တောင်သူ ဒေါ်ညွန့်၏ မိုးစပါး ရှစ်ဧကစံပြ ကွက် ရိတ်သိမ်းမည့် အခြေအနေ ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များ နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများ ကို ဝင်ငွေရလမ်း ပိုမိုရရှိစေရန် မိုးစပါးပြီးပါက နွေစပါးနှင့် ရာသီ ပေါ် သီးနှံများ စိုက်ပျိုးကြရန် စိုက်ပျိုးရေ လုံလောက်စွာရရှိ ရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီ မှုများကို ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ သီးထပ်၊ သီးညှပ် အဖြစ် အထွက်ကောင်းမျိုးများ ဖြစ်သည့် ရေဆင်း ၁ စပ်မျိုး နေကြာသီးနှံ စိုက်ပျိုးကြရန်  နှင့်     ျိုးစေ့၊ ဓာတ်မြေဩဇာများ ပံ့ပိုးဖြည့်ဆည်းပေးမည့် အခြေ အနေများ ပြောကြားပြီး မိုးစပါး စံပြကွက် ရိတ်သိမ်းနေမှု၊ ရိတ် သိမ်းပြီး စပါးများကို ချိန်တွယ် နေမှုများကို ကြည့်ရှုအားပေး ပြီး တောင်သူများကို ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ငွေလုံး ငွေရင်းဘဏ္ဍာငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် တိုက်ကြီး- ဖောင်ကြီး- ပဲခူးလမ်း ကတ္တရာခင်းခြင်းဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော် က မိုင်တိုင်အမှတ် ၀/၀ မှ ၀/၁ အထိ အရှည် ၁ ဖာလုံအား မူလ ၁၂ ပေအကျယ် မှ အကျယ်ပေ ၃၀ နှင့် မိုင်တိုင် ၀/၁ မှ ၀/၂ အတွင်း အရှည် ၅၉၀ ပေအား မူလ ၁၂ ပေ အကျယ်မှ ၁၈ ပေအကျယ် ကတ္တရာလမ်းခင်း ခြင်း၊ မီးရထားလမ်းနှင့်ကားလမ်း ဆုံသည့်နေရာတွင် Level Cro- ssing ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အတွင်း  ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ကြရန် နှင့် လိုအပ်သည်များ မှာကြား သည်။

ဆက်လက်၍ ဝန်ကြီးချုပ် နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာရှိ တောင်သူ ဦးတင်လှ၏ ရေဆင်း ၁ စပ်မျိုး နေကြာသီးနှံ အထွက်ကောင်း မျိုးများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဆွေက မြို့နယ်အတွင်းရှိ ကျေးရွာ ၅၅ အုပ်စုတွင် ဧက ၂၅၀၀ စိုက်ပျိုးမှု အပါအဝင် တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၅ မြို့နယ်တွင် ၈၄၆၅ ဧက လျာထားစိုက်ပျိုးရန် ဆောင် ရွက်နေမှုနှင့် တောင်သူဦးတင်လှ က ၁၄ ရက်သားရှိ နေကြာသီးနှံ ငါးဧက စိုက်ပျိုးထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်က ပြည်တွင်း၌စားသုံးဆီ ဖူလုံစွာရရှိရေး နေကြာသီးနှံစိုက်ပျိုး မှု ဖြစ်ထွန်းအောင်မြင်ရန် လိုအပ် ကြောင်း၊ နေကြာမျိုးစေ့များသည် အထွက်ကောင်းမျိုးများ ဖြစ်ပြီး တန်ဖိုးမြင့်မား၍ စိုက်ပျိုးရေး ဦးစီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ အောင်မြင်ဖြစ်ထွန်း အောင် စိုက်ပျိုးကြရန် တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးအဖွဲ့ များကလည်း ကူညီပေါင်းစပ် ပေးရန်နှင့် နွေစပါးအတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး တိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ် သည်များ မှာကြားပြီး စိုက်ခင်း အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။ ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ သံဒေပင်ကျေးရွာ ရှိ Natural Clay စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက အုတ်ကြွပ်အမိုးပြား၊ အခင်း ပြား၊ နံရံကပ်ကြွေပြားများ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက် အတွင်း ဖြန့်ချိရောင်းချနေမှု နှင့် ငါး၊ ပုစွန်မွေးမြူရေးကန် များအတွင်း ၎င်းတို့၏ စွန့်ပစ် အညစ်အကြေးများနှင့် ကန် အတွင်း ငါး၊ ပုစွန်များ သေဆုံး သွားပါက အကျိုးပြု အဏုဇီဝ ပျော်ရည်ဖြင့် သန့်ရှင်းစေသည့် ဆေး ထုတ်လုပ်နေမှု၊ စိုက်ပျိုး ရေး လုပ်ငန်းများအတွက် သဘာဝ ဇီဝမြေဩဇာ ထုတ်လုပ်ပြီး ဈေးကွက်သို့ စတင်ဖြန့်ချိရောင်းချ နေမှုများကို ရှင်းလင်းတင်ပြကြ သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် က MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူတန်းစား အလွှာမျိုးစုံ ဝယ်ယူအသုံးပြုနိုင် ရေး ထုတ်လုပ်ရန်၊ စိုက်ပျိုး တောင်သူများ၊ သက်ဆိုင်ရာဌာန များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးမည့် အစီအစဉ်များကို ပြော ကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ